Save our Planet with MG - CSR Campaign

09/07/2022

“Save our Planet with MG”
———————————–
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် MG Myanmar မှ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းတော်ကြီးတွင် စီစဉ်ကျင်းပခဲ့သော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် စာသင်သားကလေးငယ်များကို ကျွေးမွေးလှူဒါန်းမှုတွင် အားတက်သရော ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်ပေးခဲ့ကြသည့် MG Family ဝင် တစ်ယောက်ချင်းစီတိုင်းကို MG Myanmar မှ ကျေးဇူးအထူးတင်ရှိပါသည်။

Save our Planet with MG စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် MG Family တို့၏ အားဖြည့်ကူညီမှုကြောင့် ကျွန်​​တော်တို့ MG Myanmar အ​နေနှင့် မြန်မာပြည်သူပြည်သားများ လူနေမှုအဆင့်အတန်းမြင့်မားစေရန်နှင့် နေထိုင်ရာသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းဟူသော ပရဟိတ မှတ်​ကျောက်တိုင်တစ်ခုကို ​အောင်မြင်စွာစိုက်ထူနိုင်ခဲ့ပါသည်။