
MG ZS
STYLISH SPORTY MID-SUV
MG ZS သည် အဆင့်မြင့်နည်းပညာများကို အသုံးပြုကာထုတ်လုပ်ထားသည့် ပြိုင်ကားကဲ့သို့စတိုင်ကျလှပသော Mid-SUV ဖြစ်သည်။ MG ZS ၏ဒီဇိုင်းထုတ်လုပ်မှုသည် Global NCAP အဆင့်ကိုအခြေခံထားသောကြောင့် ငယ်ရွယ်ခြင်း၊ သွက်လက်ခြင်းနှင့် တက်ကြွဖြတ်လက်ခြင်းတို့ကို ပုံဖော်ပေးနိုင်ပါသည်။ CNCAP ၏ Crash စမ်းသပ်စစ်ဆေးမှုဖြစ်သော 60 km/h အရှိန်နှုန်းကိုကျော်လွန်ကာ 72 km/h နှင့် ကျော်ဖြတ်အောင်မြင်ခဲ့သော ကားမော်ဒယ်ဖြစ်သဖြင့် လိုက်ပါစီးနင်းသူများအားလုံး၏ လုံခြုံရေးအတွက် အာမခံချက်အပြည့်အဝ ပေးနိုင်ပါသည်။ လူငယ်ဆန်ပြီးတက်ကြွဖြတ်လက်သောသူ ဖြစ်မည်ဆိုလျှင် အကောင်းဆုံးသောရွေးချယ်မှုဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG ZS ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Brand New MG 4 Electric
ENERGETIC AGILE DESIGN
MG 4 Mulan သည် လူငယ်ဆန်သောအသွင်အပြင်ဖြင့် ခေတ်ရှေ့ပြေးသည့်ဒီဇိုင်းပုံစံ Energetic Agility Design အယူအဆဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် ကျစ်လစ်ပြီးကျယ်ဝန်းသည်။ မြင့်မားသောနည်းပညာနှင့် အသုံးပြုရလွယ်ကူစေရန် ဖန်တီးထားသော MG 4 Mulan သည်အလွန်ကောင်းမွန်သာလွန်သော မောင်းနှင်မှုစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မည်ဖြစ်သည်။

MG ZS EV
THE RECHARGEABLE ERA IS HERE!
အဆင့်မြင့်အရည်အသွေးများဖြင့် ပြည့်နှက်နေသော MG ZS EV ၏ ပိုမိုဆန်းသစ်ထားသော ဒီဇိုင်းဖန်တီးမှု၊ အဆင့်မြှင့်ထားသော ဉာဏ်ရည်မြင့်နည်းပညာများနှင့် စွမ်းအားပြည့်ဘက်ထရီများသည် ကားချစ်သူများအား အကောင်းဆုံးသော မောင်းနှင်မှုရသကိုပေးစွမ်းနိုင်ပါလိမ့်မည်။ မြို့တွင်းတွင် နေ့စဉ်မောင်းနှင်၍သော်လည်းကောင်း၊ ပိတ်ရက်များတွင် မိသားစုနှင့်အတူ လည်ပတ်သွားလာရာတွင်လည်းကောင်း အကောင်းဆုံးမောင်းနှင်မှုရသများနှင့် ပျော်ရွှင်စရာကောင်းသော ခရီးစဉ်များကိုလည်း MG ZS EV နှင့်အတူ ဖန်တီးနိုင်ပါသည်။

MG ZST
ACTIVE, YOUTHFUL, ATTRACTIVE
MG ZST သည် British ကားအမျိုးအစားဖြစ်ပြီး British သမိုင်းဝင်အငွေ့အသက်များကို ပိုမိုအဆင့်မြင့်သော Features များနှင့်ပေါင်းစပ်ထားသောကြောင့် ပိုမိုကောင်းမွန်သော မောင်းနှင်ခြင်းရသကို ခံစားရစေမည်ဖြစ်သည်။ 1.3 လီတာ တာဘိုအင်ဂျင်ဖြစ်သော်လည်း မြင်းကောင်ရေ 160 ကောင်အား ထွက်ရှိပြီး အမြင့်ဆုံး ရုန်းအား 230 Nm ကို ပေးစွမ်းနိုင်သည်။ မြန်နှုန်းခြောက်ချက် အလိုအလျောက် ဂီယာပါရှိသောကြောင့် မောင်းနှင်မှုကိုချောမွေ့မြန်ဆန်စေသည်။ ဤစွမ်းဆောင်ရည်ပြည့်အင်ဂျင်သည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပြီး လောင်စာဆီသက်သာစေမည်ဖြစ်သည်။ အဆင့်မြင့်နည်းပညာများနှင့် ဆန်းသစ်ထားသော ကားကိုယ်ထည်ဒီဇိုင်းတည်ဆောက်ပုံတို့နှင့် MG ZST သည် အကောင်းဆုံးထဲမှ အကောင်းဆုံးရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။ ဤထူးခြားကောင်းမွန်သော MG ZST ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

MG RX5
POWERFUL, ADAPTABLE, SPORTY
အကြမ်းခံနိုင်ပြီး စွမ်းအားပြည့်သော SUV အမျိုးအစားဖြစ်သည့် MG RX5 သည် MG ၏ ကိုယ်ပိုင်နည်းပညာဖြစ်သော Net Blue နှင့် Brit Dynamic တို့ကိုအသုံးပြုထားပါသည်။ MG ၏ခေတ်အဆက်ဆက်အောင်မြင်ကျော်ကြားခဲ့သော နည်းပညာများကိုအခြေခံကာ ပိုမိုကောင်းမွန်ပြီး အဆင့်မြင့်သောနည်းပညာများကို ထည့်သွင်းတည်ဆောက်ထားသောကြောင့် လုံခြုံစိတ်ချစွာမောင်းနှင်နိုင်သော SUV အမျိုးအစားဖြစ်သည်။ ဆီစားနှုန်းသက်သာသော ဤ Turbocharged SUV သည် အကောင်းဆုံးထဲမှ အကောင်းဆုံးရွေးချယ်မှု ဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG RX5 ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

MG HS
MODISH AND FEASIBLE SUV
MG HS သည် ENCAP Rating 5 Stars ရထားသော SUV အမျိုးအစားဖြစ်ပြီး ဒီဇိုင်းပြင်ဆင်မှုသည်လည်း X-Motion ပေါ်တွင်အခြေခံထားသောကြောင့် လုံခြုံစိတ်ချရမှု၊ ဘေးကင်းမှုအတွက် အကောင်းဆုံးစိတ်ကျေနပ်မှုကို ရရှိစေနိုင်မည်ဟု အာမခံနိုင်သော ကားမျိုးဖြစ်ပါသည်။ MG HS သည် ဘေးကင်းစိတ်ချရမှုအတွက် သေချာစွာစမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ထားရှိပြီးသောကားဖြစ်ပြီး ခန့်ညားထည်ဝါသောဒီဇိုင်းနှင့် ထုတ်လုပ်ထားသောကားမော်ဒယ်ဖြစ်သောကြောင့် အကောင်းဆုံးသောရွေးချယ်မှု ဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG HS ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

MG 5
STABILITY, DIGNITY & LUXURY
ကမ္ဘာပေါ်ရှိအကောင်းဆုံးသော Sedan များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး 5 stars Safety Body Structure ဆုကိုရရှိထားသော MG 5 ထံမှ အဆင့်မြင့်နည်းပညာများနှင့် ထူးခြားကောင်းမွန်သော စွမ်းဆောင်ရည်များကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ MG ၏ကိုယ်ပိုင် Technology ဖြစ်သော Net Blue နည်းပညာနှင့် ခန်းနားထည်ဝါသော ကိုယ်ထည်နှင့်အတွင်းပိုင်းအပြင်အဆင်များကို ပေါင်းစပ်ထားသော MG 5 သည် သင်နှင့်သင်၏မိသားစုအတွက် အကောင်းဆုံးထဲမှ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG 5 ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

MG 6
MODERNIZED FASTBACK
Fastback Sedan အမျိုးအစားဖြစ်သော MG 6 သည် အင်္ဂလန်နိုင်ငံ၏ သမိုင်းအငွေ့အသက်များကို ခေတ်မီဆန်းသစ်ထားသော နည်းပညာများနှင့် လှပသောဒီဇိုင်းဖွဲ့စည်းပုံတို့နှင့် ပေါင်းစပ်ထားသော Sedan ကားဖြစ်သည်။ ပြိုင်ကားဆန်သောအပြင်အဆင်ကို ဇိမ်ခံကားအသွင်နှင့် ပေါင်းစပ်ထားပြီး 1.5L Turbocharged အင်ဂျင်လည်းဖြစ်သည့်အားလျော်စွာ စွမ်းအားပြည့်ဝပြီးကောင်းမွန်သော စွမ်းဆောင်ရည်များကို MG 6 မှရရှိနိုင်မည်ဖြစ်သောကြောင့် အကောင်းဆုံးထဲမှအကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG 6 ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။