OUTLINE
MG RX5

POWERFUL, ADAPTABLE, SPORTY

အကြမ်းခံနိုင်ပြီး စွမ်းအားပြည့်သော SUV အမျိုးအစားဖြစ်သည့် MG RX5 သည် MG ၏ ကိုယ်ပိုင်နည်းပညာဖြစ်သော Net Blue နှင့် Brit Dynamic တို့ကိုအသုံးပြုထားပါသည်။ MG ၏ခေတ်အဆက်ဆက်အောင်မြင်ကျော်ကြားခဲ့သော နည်းပညာများကိုအခြေခံကာ ပိုမိုကောင်းမွန်ပြီး အဆင့်မြင့်သောနည်းပညာများကို ထည့်သွင်းတည်ဆောက်ထားသောကြောင့် လုံခြုံစိတ်ချစွာမောင်းနှင်နိုင်သော SUV အမျိုးအစားဖြစ်သည်။ ဆီစားနှုန်းသက်သာသော ဤ Turbocharged SUV သည် အကောင်းဆုံးထဲမှ အကောင်းဆုံးရွေးချယ်မှု ဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG RX5 ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Configurator

EXTERIOR STRUCTURE

UNIQUE FRAME WORK

အနီရောင်၊ အပြာရောင်၊ အနက်ရောင်၊ အဖြူရောင်၊ အညိုရောင်နှင့် ငွေရောင် စသည်ဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ရွေးချယ်နိုင်သောအရောင်များနှင့် MG RX5 သည် ၎င်း၏ ထည်ဝါသောအသွင်အပြင်ကို အကြမ်းခံနိုင်ပြီး တမူထူးခြားစွာ တည်ဆောက်ထားသောကိုယ်ထည်က ပုံဖော်ပေးလျက်ရှိသည်။

INTERIOR CABIN

ENCHANTING FEATURES

MG RX5 သည် လိုက်ပါစီးနင်းသူ ၅ ဦးလောက်အား အဆင်ပြေစွာ သက်တောင့်သက်သာနှင့် စီးနင်းနိုင်ရန် ကျယ်ဝန်းသည်။ Beige နှင့် Dark Grey Color တို့ဖြင့်ထည်ဝါဝင့်ကြွားနေသော အတွင်းခန်းကို ပိုမိုကျယ်ဝန်းစေရန် လုပ်ဆောင်နိုင်ပါသေးသည်။

TECHNOLOGY

SMART TECH

MG RX5 တွင် Brit Dynamic ဟုခေါ်သော British automotive engineering expertise ၏ အမြင့်ဆုံးစံနှုန်းပါဝင်သည်။ Brit Dynamic နည်းပညာအပြင် Morris Garages ၏ မူပိုင်နည်းပညာဖြစ်သော အင်ဂျင်ရုန်းအားပိုမိုကောင်းမွန်စေ၍ ဆီစားနှုန်းသက်သာကာ အင်ဂျင်စက်သံငြိမ်စေသော Net Blue နည်းပညာလည်းပါဝင်သည်။

SAFETY

EXCELLENT SAFETY SYSTEM

MG RX5 တွင် လေအိတ်များ၊ Pre-tension ထိုင်ခုံခါးပတ်များ၊ Thermoforming Steel၊ ခိုင်ခံ့သော အမိုးနှင့် မာကြောခိုင်မာသော A & B Pillar များပါရှိသောကြောင့် လူကြီးမင်းတို့၏ လုံခြုံစိတ်ချရမှုကို အာမခံပေးနိုင်ပါသည်။ ထို့အပြင် လမ်းကြမ်းများတွင် မောင်းနှင်ခဲ့လျှင်ပင် ငြိမ့်ညောင်းသောမောင်းနှင်မှုဖြစ်စေရန်အတွက် ရှေ့ဘက်တွင် မြှင့်တင်ထားသော Macpherson နှင့် အနောက်ဘက်စုံချိတ်ဆက် ဆိုင်းထိန်းစနစ်ကို ထည့်သွင်းထားပေးသည်။