OUTLINE
Brand New MG 4 Electric

ENERGETIC AGILE DESIGN

MG 4 Mulan သည် လူငယ်ဆန်သောအသွင်အပြင်ဖြင့် ခေတ်ရှေ့ပြေးသည့်ဒီဇိုင်းပုံစံ Energetic Agility Design အယူအဆဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် ကျစ်လစ်ပြီးကျယ်ဝန်းသည်။ မြင့်မားသောနည်းပညာနှင့် အသုံးပြုရလွယ်ကူစေရန် ဖန်တီးထားသော MG 4 Mulan သည်အလွန်ကောင်းမွန်သာလွန်သော မောင်းနှင်မှုစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မည်ဖြစ်သည်။

CONFIGURATOR

EXTERIOR STRUCTURE

FULLY ELECTRIC FOUNDATION

အပြင်ဘက်ကားဒီဇိုင်းပိုင်းတွင် MG 4 Mulan သည် ခေတ်ရှေ့ပြေးသောစတိုင်ကို ပုံဖော်ထားသော ထူးခြားသည့် လျှပ်စစ်ကားဖြစ်သည်။

INTERIOR CABIN

LESS IS MORE

ရိုးရှင်းပြီးအံဝင်ခွင်ကျဖြစ်ပြီး ကျယ်ဝန်းသောအတွင်းခန်းအသွင်အပြင်သည် ဇိမ်ခံကားတစ်စီးကဲ့သို့ ခံစားစေရမည်ဖြစ်သည်။

TECHNOLOGY

HIGH-TECH INSIDE OUT

ကားကိုယ်ထည်တစ်ခုလုံးကို အဆင့်မြင့်ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်ထားပြီး Stable Driving၊ Precise Driving၊ Flexible Turning နှင့် Smooth Cornering ကဲ့သို့သော ကောင်းမွန်သော မောင်းနှင်မှုရသများကို ခံစားရမည်ဖြစ်သည်။

MG 4 Mulan တွင် အကောင်းဆုံးမောင်းနှင်ရသများကို မောင်းနှင်သူတစ်ဦးချင်းစီအလိုက် ကိုက်ညီစေရန်အတွက် Snow Mode၊ Eco Mode၊ Standard Mode၊ Sport Mode၊ Custom Mode တို့ကိုထည့်သွင်းထားပါသည်။

Industry Leading ဟုတင်စားနိုင်မည့် စွမ်းဆောင်ရည်မြင့် Ultra Thin Power Battery သည် ဘေးကင်းမှုနှင့် အကောင်းဆုံးသောအရည်အသွေးဖြစ်တည်မှုအတွက် အာမခံချက်ပေးနိုင်ပါသည်။

MG 4 Mulan တွင် V2L ပါဝင်ပြီး နေ့စဥ်ဘဝအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်မယ့် Power Source တစ်ခုအနေနှင့် Outdoor Activities များအတွက် ပျော်ရွှင်စိတ်လှုပ်ရှားမှုကို ရရှိစေမည်ဖြစ်သည်။

SAFETY

CONTINUOUS SAFE DRIVE

Driving Assist အနေဖြင့်ပါဝင်သော MG Pilot စနစ်တွင် ပတ်ဝန်းကျင်ကို အဆက်မပြတ်စောင့်ကြည့်ရန်နှင့် မောင်းနှင်မှုတိုင်းတွင် ပိုမိုလုံခြုံလွယ်ကူစေရန်အတွက် ရှုထောင့်ပေါင်းစုံမှမောင်းနှင်မှုအခြေအနေများကို သိရှိစေနိုင်ရန်အတွက် ကင်မရာများစွာနှင့် မြင့်မားသော အာရုံခံရေဒါများကို တပ်ဆင်ထားပါသည်။

5+1 ဘက်ထရီဘေးကင်းရေးစမ်းသပ်မှုများ – MG 4 Mulan ပါဝါဘက်ထရီသည် IP68 နှင့် IP69K ကဲ့သို့သော ကမ္ဘာ့အရည်အသွေးစံနှုန်းများကို ရရှိထားသည့်အပြင် တာရှည်ခံမှု၊ တည်ငြိမ်မှုနှင့် ဘေးကင်းမှုတို့ကို သေချာစေရန်အတွက် 5+1ဘေးကင်းလုံခြုံရေး စမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့သည်။ – Water Wading Test၊ Temperature Test၊ Needle Penetration Test၊ Durability Test၊ Decay Cycle Test နှင့် Special In-House Test ။