OUTLINE
MG HS

MODISH AND FEASIBLE SUV

MG HS သည် ENCAP Rating 5 Stars ရထားသော SUV အမျိုးအစားဖြစ်ပြီး ဒီဇိုင်းပြင်ဆင်မှုသည်လည်း X-Motion ပေါ်တွင်အခြေခံထားသောကြောင့် လုံခြုံစိတ်ချရမှု၊ ဘေးကင်းမှုအတွက် အကောင်းဆုံးစိတ်ကျေနပ်မှုကို ရရှိစေနိုင်မည်ဟု အာမခံနိုင်သော ကားမျိုးဖြစ်ပါသည်။ MG HS သည် ဘေးကင်းစိတ်ချရမှုအတွက် သေချာစွာစမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ထားရှိပြီးသောကားဖြစ်ပြီး ခန့်ညားထည်ဝါသောဒီဇိုင်းနှင့် ထုတ်လုပ်ထားသောကားမော်ဒယ်ဖြစ်သောကြောင့် အကောင်းဆုံးသောရွေးချယ်မှု ဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG HS ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Configurator

EXTERIOR STRUCTURE

DYNAMIC & UNIQUE DESIGN

Dynamic MGHS သည် စွဲမက်ဖွယ်ကောင်းသော ကိုယ်ထည်ဒီဇိုင်းဖြင့် နှစ်သက်ဖွယ်ကောင်းသော လုပ်ဆောင်နိုင်စွမ်းများကို ခံစားရစေမည့် ခေတ်မီပြီး နည်းပညာမြင့်သော SUV ကားဖြစ်သည်။

INTERIOR CABIN

SPORTY ELEGANT

Bader Premium Leather ဖြင့် 463 L ကျယ်ဝန်းသော Cargo Space ပါရှိသော MG HS သည် မောင်းနှင်သူနှင့်လိုက်ပါစီးနင်းသူများအားလုံးအတွက် အကောင်းဆုံးမောင်းနှင်နိုင်သော ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ပါသည်။

PERFORMANCE

POWERFUL ENGINE

MG HS သည် 2.0 L Turbocharged အင်ဂျင် SUV ကားအမျိုးအစားဖြစ်သောကြောင့် ရုန်းအား 360 Nm နှင့် အမြင့်ဆုံးအမြန်နှုန်း 210 km/h ဖြင့် အကောင်းဆုံးမောင်းနှင်မှုစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သည်။ ညက်ညောသောမောင်းနှင်မှုအပြင် သဘာဝပတ်ဝန်းကျင်ကို ပိုမိုအလေးထားသောအားဖြင့် ခလုတ်ကိုနှိပ်လိုက်ရုံဖြင့် Supersport နှင့် Eco-friendly ပြောင်းလဲမောင်းနှင်မှုနိုင်သောမုဒ်များနှင့် ဂီယာပြောင်းထိန်းချုပ်မှု Lux Version တို့လည်းပါရှိပါသည်။

SAFETY

OCCUPANT SAFETY

MG HS သည် ခိုင်မာသောသံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားသဖြင့် ကား၏ ဘေးကင်းလုံခြုံမှု အပြည့်အဝပေးစွမ်းနိုင်သည်ဟူသော အထောက်အထားဖြစ်သည့် 5 Stars Euro NCAP ဆုကိုရရှိထားပါသည်။ ထို့အပြင် Cruise Control, Hill Start Assist Control, Blind Spot Detection, Rear View Camera, Lane Change warning နှင့် အခြားသော Function များကိုအသုံးပြုခြင်းဖြင့် ဘေးကင်းစိတ်ချရစွာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။