OUTLINE
MG ZST

ACTIVE, YOUTHFUL, ATTRACTIVE

MG ZST သည် British ကားအမျိုးအစားဖြစ်ပြီး British သမိုင်းဝင်အငွေ့အသက်များကို ပိုမိုအဆင့်မြင့်သော Features များနှင့်ပေါင်းစပ်ထားသောကြောင့် ပိုမိုကောင်းမွန်သော မောင်းနှင်ခြင်းရသကို ခံစားရစေမည်ဖြစ်သည်။ 1.3 လီတာ တာဘိုအင်ဂျင်ဖြစ်သော်လည်း မြင်းကောင်ရေ 160 ကောင်အား ထွက်ရှိပြီး အမြင့်ဆုံး ရုန်းအား 230 Nm ကို ပေးစွမ်းနိုင်သည်။ မြန်နှုန်းခြောက်ချက် အလိုအလျောက် ဂီယာပါရှိသောကြောင့် မောင်းနှင်မှုကိုချောမွေ့မြန်ဆန်စေသည်။ ဤစွမ်းဆောင်ရည်ပြည့်အင်ဂျင်သည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပြီး လောင်စာဆီသက်သာစေမည်ဖြစ်သည်။ အဆင့်မြင့်နည်းပညာများနှင့် ဆန်းသစ်ထားသော ကားကိုယ်ထည်ဒီဇိုင်းတည်ဆောက်ပုံတို့နှင့် MG ZST သည် အကောင်းဆုံးထဲမှ အကောင်းဆုံးရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။ ဤထူးခြားကောင်းမွန်သော MG ZST ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Configurator

EXTERIOR STRUCTURE

STANDING OUT EVERYWHERE

MG ZST ၏ အဌဂံပုံစံဖော်ထားသော Grille၊ အနက်ရောင်အနားသတ်များနှင့် LED အနောက်ဘက်ကားမီးလုံးများက ပြိုင်ကားကဲ့သို့စွမ်းအားပြည့်ဝနေသည့် အသွင်ကိုဆောင်လျက်ရှိသည်။

INTERIOR CABIN

SPORTY INTERIOR

နူးညံ့လှပသောအတွင်းခန်းအပြင်အဆင်၊ Carbon Fiber နှင့် အကောင်းဆုံးသားရေသားတို့ဖြင့် ချုပ်လုပ်ထားသောထိုင်ခုံများက ပရီမီယံကျသောဇိမ်ခံကားတစ်စီးကဲ့သို့ ခံစားရစေမည်။

SAFETY

SECURED JOURNEY

MG ZST တွင် အဆင့်မြင့်လုံခြုံရေးစနစ် ပါဝင်သောကြောင့် ယုံကြည်စိတ်ချစွာ စီးနင်းနိုင်ပါသည်။ Air Bag ၆လုံးပါရှိပြီး ကလေးထိုင်ခုံများအတွက် ဘေးကင်းရေးလုပ်ဆောင်ချက်များကို လုံလုံခြုံခြုံ အံဝင်ခွင်ကျဖြစ်စေရန် ISOFIX စနစ်လည်းပါဝင်ပါသည်။ တစ်ချိန်တည်းတွင် Auto Hold စနစ်နှင့် Blind Spot သတိပေးသည့်စနစ်များကဲ့သို့သော လုံခြုံရေးစနစ်များသည် သင့်ခရီးတစ်လျှောက်လုံး ဘေးကင်းလုံခြုံစေမည်ဖြစ်သည်။