OUTLINE
MG 5

STABILITY, DIGNITY & LUXURY

ကမ္ဘာပေါ်ရှိအကောင်းဆုံးသော Sedan များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး 5 stars Safety Body Structure ဆုကိုရရှိထားသော MG 5 ထံမှ အဆင့်မြင့်နည်းပညာများနှင့် ထူးခြားကောင်းမွန်သော စွမ်းဆောင်ရည်များကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ MG ၏ကိုယ်ပိုင် Technology ဖြစ်သော Net Blue နည်းပညာနှင့် ခန်းနားထည်ဝါသော ကိုယ်ထည်နှင့်အတွင်းပိုင်းအပြင်အဆင်များကို ပေါင်းစပ်ထားသော MG 5 သည် သင်နှင့်သင်၏မိသားစုအတွက် အကောင်းဆုံးထဲမှ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG 5 ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Configurator

EXTERIOR STRUCTURE

MODERN AESTHETIC TOUCHES

MG 5 ၏ ခန်းနားထည်ဝါသော ကိုယ်ထည်တည်ဆောက်ပုံသည် ဝင့်ကြွားတောက်ပသောအသွင်ကို ဆောင်ကြဉ်းပေးပါသည်။

INTERIOR CABIN

COMFORTABLE & SPACIOUS

MG 5 ၏ကျယ်ဝန်းသောအတွင်းခန်းတွင် တစ်ကိုယ်ရေသုံးပစ္စည်းများ တင်ဆောင်နိုင်သောနေရာ ၂၉ နေရာ၊ ခရီးဆောင်အိတ်များ တင်ဆောင်ရန်အတွက် ကားနောက်ခန်း Cargo Space အကျယ်အဝန်းမှာ 512 LTR အထိရှိပြီး ပရီမီယံဒီဇိုင်းအပြင်အဆင်နှင့် လုပ်ဆောင်ချက်များပါဝင်ပါသည်။

TECHNOLOGY

DETAIL HI-TECH

MG 5 သည် Net Blue နည်းပညာဖြင့် တည်ဆောက်ထားသောကြောင့် 5.5L/ 100KM အထိ ဆီစားနှုန်းသက်သာစေသည်။ ထို့အပြင် MG 5 သည် Euro 5 Emission Control Standard နှင့် ပြည့်မီသော ကားမော်ဒယ်လည်းဖြစ်သည်။ အခြားသောအဆင့်မြင့်နည်းပညာများဖြစ်သည့် 10.1-inch infotainment system ၊ လျှပ်စစ်အသုံးပြု ထိုင်ခုံရွေ့ပြောင်းသောစနစ်၊ ကားမှန်ရေငွေ့မပြန်စေရန် အပူပေးသောစနစ်၊ အလိုအလျောက်အရှိန်ထိန်းညှိပေးသောစနစ်များအပြင် အခြားသောနည်းပညာများလည်း ပါဝင်သည်။

SAFETY

DRIVE WITH PEACE OF MIND

MG 5 သည် CNCAP 5 Stars Safety Rating ရရှိထားသော ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ဆောင်ချက်စနစ် ၁၃ ခုပါရှိသည့် ကားအမျိုးအစားဖြစ်ပါသည်။ ကြံ့ခိုင်သောသံမဏိကိုယ်ထည်၊ လေဆာအသုံးပြု ဂဟေဆက်ထားသောကိုယ်ထည်၊ အဆင့်မြှင့်ထားသော sealing ၊ အသံလုံစနစ်နှင့် ထိခိုက်မှုသက်သာစေရန် တောင့်တင်းခိုင်မာသောအတွင်းခန်းတို့ပါရှိပါသည်။ ထို့အပြင် ရှေ့ဘက်ခြမ်း၂ခု၊ ဘေးဘက်လိုက်ကာသဖွယ် လေအိတ်ကာကွယ်ရေးစနစ်၊ ABS နှင့် ငြိမ်သက်ဖြောင့်ဖြူးစွာမောင်းနှင်နိုင်မှုအတွက် Electronic Control ၊ အလိုအလျောက် သို့ Electric ပါကင်ဘရိတ်၊ ဘေးစွန်းများထိခိုက်မှုမရှိစေရန် ၃၆၀ ဒီဂရီကင်မရာ၊ ပါကင်ဆင်ဆာနှင့် ကလေးငယ်များလိုက်ပါစီးနင်းရာတွေ လုံခြုံမှုရှိစေရန် ISOFiX စနစ်များပါဝင်ပါသည်။