NET GREEN TECHNOLOGY

Truly Electric

လျှပ်စစ်နည်းပညာကိုအသုံးပြုကာ မောင်းနှင်ခြင်းဖြစ်သည်။

Ni-Co Lithium Manganese Battery

Ni – Co လစ်သီယမ်မန်းဂနိ ဘက်ထရီသည် ပိုမိုကြာရှည်ခံသည့် ဘက်ထရီသက်တမ်းကို ပေးစွမ်းနိုင်ခြင်း၊ စွမ်းအင်ပိုမိုပြည့်ဝခြင်း၊ ဘေးကင်းစိတ်ချရမှုနှင့် တည်ငြိမ်ခြင်း စသည့်အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ရန်ရည်ရွယ်၍တည်ဆောက်ထားခြင်းဖြစ်သည်။

Charging woes, no more

MG မှအသုံးပြုထားသော ဘက်ထရီများသည် အိမ်မှာပင်ဖြစ်စေ၊ Charging Station များတွင် ဖြစ်စေ မည်သည့် နေရာတွင်မဆို အားပြန်ဖြည့်သွင်းနိုင်ပါသည်။ လူကြီးမင်းတို့၏စမတ်ဖုန်းကဲ့သို့ပင် အချိန်တိုအတွင်း အားပြန်လည် ဖြည့်သွင်းနိုင်ပါသည်။ မိနစ် ၃၀ အတွင်း ၁၀% မှ ၈၀% အထိအားသွင်းနိုင်ပါသည်။

Electric but not cumbersome

ဘက်ထရီများကို ပေါ့ပါးပြီး ကျစ်လစ်သည့် ဒီဇိုင်းတစ်ခု ဖြစ်စေရန်အတွက် ဖန်မျှင်အားဖြည့်သုံး ပလပ်စတစ်များ (Electric but not cumbersome) ကို အပြင်ဘက်အလွှာတွင် အသုံးပြုထားပါသည်။

Safe and protected

ဤဘက်ထရီသည် ရေစိုခံ အကာအကွယ်နှင့် လျှပ်စစ်ဗို့အားပြင်းရှော့ဖြစ်မှုများကို အကာအကွယ်ပေးသည့်စနစ်များ ပါဝင်ပါသည်။

Plug-in hybrid technology

EDU Intelligent Electric ယာဉ်မောင်းစနစ်အတွက် Hybrid Engine ကို အသုံးပြုထားသောကြောင့် စွမ်းအင်ကိုအမြင့်ဆုံးအထိ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ 

Super Power at core

ဆီစားနှုန်းသက်သာစေပြီး စွမ်းအားပြည့်မောင်းနှင်မှုကို ရရှိခံစားနိုင်ရန် ၁.၅ L VTI နည်းပညာ ဓာတ်ဆီအင်ဂျင်နှင့် တွဲဖက်ထားခြင်း၊ အပြန်အလှန် ချိတ်ဆက်ထားသည့် Starter နှင့် Generator ပါဝင်ခြင်း၊ မော်တာတို့ပါဝင်ပါသည်။

Modes for your needs

အသုံးပြုသူများစိတ်ကြိုက် အနေအထား ပြောင်းလဲအသုံးပြုနိုင်မည့် Economic, Regular And Mountain Mode များ ပါဝင်သည်။

World’s best BMS battery system

တည်ငြိမ်ခြင်း၊ လုံခြုံစိတ်ချရခြင်း၊ ရေစိုခံခြင်း စသည့် ဂုဏ်သတ္တိများကို ပေါင်းစပ်ထားသည့် လစ်သီယမ်အိုင်းယင်း ဘက်ထရီကို အသုံးပြုထားပါသည်။

Fuel cell technology

ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေဘဲ စွမ်းအင်နှစ်မျိုးသုံးထားသောကြောင့် နှစ်ဆတိုးသည့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သည့် ကမ္ဘာ့အကောင်းဆုံးနှင့် ကြာရှည်အခံဆုံး နည်းပညာဖြစ်ပါသည်။

Dual power, double the performance

ဘက်ထရီနှင့် ဟိုက်ထရိုဂျင် အခြေခံ လောင်စာဆီသုံး လျှပ်စစ်ဘက်ထရီဟူ၍ ၂မျိုးပါဝင်သည်။ အသုံးပြုသူများအနေဖြင့် အပူချိန်နိမ့်နိမ့်တွင်လည်း ကားကို စက်နှိုးနိုင်မည်ဖြစ်သည်။ အပူချိန် – ၂၀ ဒီဂရီစင်တီဂရိတ်တွင် ၁၆၀ km/h အမြန်နှုန်းဖြင့် ၄၃၀ ကီလိုမီတာထိ အကောင်းဆုံး စွမ်းဆောင်ရည်ဖြင့် မောင်းနှင်အသုံးပြုနိုင်မည် ဖြစ်သည်။

Safety

ဤဘက်ထရီစနစ်သည် စိမ့်ထွက်မှုကို ကာကွယ်ပေးထားပြီး အမြင့်ဆုံး စံနှုန်း UL2580 ကို ပြည့်မီမှုရှိပါသည်။ ထို့အပြင် ဘက်ထရီအစိတ်အပိုင်းများ အားလုံးကိုလည်း ကာကွယ်မှုအဆင့် IP67 နှင့်ကာကွယ်ထားပါသည်။

R&D is a continuous strive

ကျွန်ုပ်တို့၏ R & D သည် ကမ္ဘာ့အကျော်ကြားဆုံး လောင်စာဆီ ဘက်ထရီနည်းပညာတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Michelin Challenge Bibendum ရှိ လောင်စာဆီသုံးဘက်ထရီအုပ်စု၏ တတိယနေရာအပါအဝင် ဆုပေါင်းများစွာကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပထမဆင့်ရရှိခဲ့ပါသည်။ အနာဂတ်တွင်လည်း ပိုမို‌တိုးတက်ကောင်းမွန်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။