Brit Dynamic

Performance

MG ကားများသည် အရှိန်နှုန်းပေါ်အဓိကထားသည့် Sport Car ကိုအခြေခံ၍ တည်ထွင်ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် BRIT DYNAMIC ၏ စံချိန်စံနှုန်းနှင့်ညီပြီး အကောင်းဆုံးမောင်းနှင်မှုခံစားချက်ကို ပေးစွမ်းနိုင်သည့် Turbo Engine ကို အသုံးပြုထားခြင်းဖြစ်သည်။။ တာဗိုအားသွင်းစနစ်သည် အရှိန်နှုန်းကို မြှင့်တင်နိုင်ရန်နှင့် အင်ဂျင်စက်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရန် ဥရောပစူပါကားများ၌ တွင်ကျယ်စွာအသုံးပြုသည့် နည်းပညာတစ်ခုဖြစ်ပါသည်။ အပြည့်အဝထိန်းချုပ်နိုင်ပြီး စွမ်းရည်ပြည့်ဝသည့် အရှိန်နှုန်းကို ပေးစွမ်းနိုင်ရန် Complete Combustion Process က စွမ်းဆောင်ရည်မြင့်မားပြီး ကောင်းမွန်သည့်အင်ဂျင်ဖြစ်စေရန် အားဖြည့်ပေးထားပါသည်။ အင်ဂျင်တစ်ခုလုံးကို ၁၀၀% အလူမီနီယမ်သတ္တုဖြင့် ပြုလုပ်ထားသည့်အတွက် ကိုယ်ထည်တစ်ခုလုံးသည် အကြမ်းခံနိုင်ပြီးပေါ့ပါးပါသည်။

Handling

တည်ငြိမ်သည့်မောင်းနှင်မှုနှင့် တိကျသည့်ထိန်းချုပ်မှုအတွက် ဥရောပစံနှုန်းညီ BRIT DYNAMIC သံမဏိကိုယ်ထည်ကို Silverstone circuit နှင့် ချိန်ညှိပြီး အင်္ဂလန်နိုင်ငံတွင် အင်ဂျင်နီယာပေါင်း ၅၀ ကျော်က ၂၈ လကြာအောင် ဆောင်ရွက်ခဲ့ပါသည်။ချော့မွေ့သည့်မောင်းနှင်မှုတစ်ရပ်ကို ရရှိစေရန်အတွက် ဥရောပတိုက်အတွင်း အကောင်းဆုံးသော ဆိုင်းထိန်းစနစ်တစ်ရပ်ကိုလည်း ထည့်သွင်းထုတ်လုပ်ထားသည်။ ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန် ဘယ်ညာဘီးလျှောများကို သီးခြားစီ ထားရှိပေးထားသည်။ ရှေ့ဘက်နှင့် နောက်ဘက်ဘီး အခြေများတွင် Stabilizer bar တပ်ဆင်ထားသည့်အတွက် လမ်းဖြောင့်၊ လမ်းကောက် နှစ်မျိုးလုံးကို ဘေးကင်းစိတ်ချစွာ မောင်းနှင်နိုင်ပါသည်။ မည်သည့်နေရာမဆို အရှိန်နှုန်းကို စိတ်ချလက်ချ တိုးမြှင့်နိုင်စေရန်အတွက် ကုန်းစောင်းများကို ဖြတ်ကျော်သည့်အခါ ဘေးဘက်ရှိ ဖိအားကိုထိန်းညှိနိုင်ရန် Stabilizer bar ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါသည်။

Design

MG ကားများသည် အင်္ဂလန်နိုင်ငံမှ စတင်ဆင်းသက်လာသည့် ကားအမျိုးအစားများဖြစ်သည့်အတွက် MG ကားတစ်မျိုးချင်းစီတွင် British စတိုင်များပါဝင်နေပြီး အမျိုးအစား တစ်မျိုးချင်းစီအလိုက် ဆန်းသစ်တီထွင်ထားသည့်အပြင် British နည်းပညာဗဟိုဌာန၏ ခေတ်မီဆန်းသစ်သော ဒီဇိုင်းအသွင်အပြင်များလည်း ပါရှိပါသည်။ မော်တော်ကားအတွင်းခန်းမှာ British Gentleman တစ်ဦး၏ အသွင်အပြင်ကဲ့သို့ ရိုးရှင်းပြီ နှစ်လိုဖွယ်အပြင်အဆင်မျိုးဖြစ်သည်။ Console များမှစ၍ ထိုင်ခုံများအထိ အရာအားလုံးကို သားရေအစစ်အမှန်များဖြင့် သပ်ရပ်စွာချုပ်လုပ်ထားပါသည်။ မော်တော်ကား၏ အပြင်ပန်းအသွင်အပြင်အနေဖြင့်လည်း MG ကားအမျိုးအစားတိုင်းတွင် လောင်စာဆီစားသုံးမှု သက်သာစေသည့် AERODYNAMIC စနစ်ကိုအသုံးပြုထားပါသည်။

ဘေးကင်းစိတ်ချရမှုကို အဓိက အလေးထားသည့်အတွက် ယာဉ်မတော်တဆမှုများကိုကာကွယ်နိုင်ရန် ဘရိတ်စနစ်နှင့် ရပ်ဆိုင်းမှုများကြောင့် ဖြစ်ပေါ်တတ်သည့် လမ်းပေါ်မတော်တဆမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် SYNCHRONIZED PROTECTION SYSTEM ကို အဓိကအလေးပေးဆောင်ရွက်ထားပါသည်။ BRIT DYNAMIC ၏ MG ၏လုံခြုံရေးစနစ် အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • EBD ELECTRONIC BRAKE FORCE DISTRIBUTION
  • EBA ELECTRONIC BRAKE ASSIST
  • SCS STABILITY CONTROL SYSTEM
  • MSR MOTOR CONTROL SLIDE RETAINER
  • CBC CURVE BRAKE CONTROL
  • TCS TRACTION CONTROL SYSTEM
  • HAS HILL START ASSIST SYSTEM
  • ITPMS INDIRECT TIRE PRESSURE MONITOR SYSTEM
  • BDC BRAKE DISC CLEANING