5 Components of EV Batteries

Trailer Loading

ဘက်ထရီကိုစွမ်းဆောင်ရည်မြင့်မားစေရန် Battery Pack များကို သိပ်သည်းဆများများဖြင့် ပြုလုပ်ထားသော်လည်း ပေါ့ပါးကျစ်လျစ်မှုရှိနေစေရန်အတွက် ခိုင်မာပြီးအလေးချိန်ပေါ့ပါးသော Casting ဒီဇိုင်းကို အသုံးပြုထားပါသည်။

Cooling System Installation

ကားမောင်းသည့်အခါ တက်လာနိုင်သည့် Battery အပူချိန်ကို ထိန်းညှိလျှော့ချပေးနိုင်ရန် Coolant Hose, Cold Plate နှင့် Thermal Pad များကို Thermal Management System အတွင်းတွင် ထည့်သွင်းထားပါသည်။

Conveyor Line

Battery Module များကို အလိုအလျှောက်ထိန်းညှိစီမံမှုများ ပြုလုပ်ပေးသည့် warehouse များမှတစ်ဆင့် သယ်ဆောင်လာပြီးနောက် automation robot system များကိုအသုံးပြုကာ Module Installation အထိ အဆင့်ဆင့် ဆက်လက်လုပ်ဆောင်ပါသည်။

Cable Installation

ဗို့အားမြင့်ဝါယာကြိုးများနှင့် ဗို့အားနိမ့်ဝါယာကြိုးများကို စတင်တပ်ဆင်ထည့်သွင်းပြီးနောက် Low Voltage Wire များကို ဘက်ထရီစီမံခန့်ခွဲမှုစနစ် (Battery management system) နှင့် ဘက်ထရီစောင့်ကြည့်စနစ် (Battery monitoring unit) များနှင့် ချိတ်ဆက်မှုပြုလုပ်သည်။

Heat Protect Board

Battery ၏လုပ်ဆောင်မှုတိုင်းတွင် ဘေးကင်းစိတ်ချရစေပြီး အပူချိန်မြင့်လာခြင်းကို အထူးကာကွယ်နိုင်ရန် Flame Retardant Insulation ကို တပ်ဆင်သည်။

Sealing Fastening

ဘက်ထရီပြုလုပ်ခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သော installation တပ်ဆင်ခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်း QC အပိုင်းများအတွက် ခေတ်မီနည်းပညာများဖြင့် ပြုလုပ်ထားသော automation robot များမှ ပြုလုပ်ပေးခြင်း စသည့် နည်းပညာအဆင့်ဆင့်ကို အသုံးပြုပြီး အရည်အသွေးပြည့်မီသော လျှပ်စစ်ကားဘက်ထရီများကို ပြုလုပ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။