Net Blue

1.0 TGI Turbo Charging Gasoline Direct-Injection Engine

မြင့်မားသည့် စွမ်းဆောင်ရည်ကြောင့် ပိုမိုကောင်းမွန်သည့် မောင်းနှင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး အကောင်းဆုံးလည်ပတ်နိုင်သည့် လောင်စာဆီစနစ်သုံး Gasoline Direct Injection (GDI) ကြောင့် ဆီစားနှုန်းကိုလည်း သက်သာစေမည်ဖြစ်သည်။ 

1.4 TGI Turbo Charging Gasoline Direct-Injection Engine

ကားတွင် အသုံးပြုထားသည့် အင်ဂျင်စက်သည် မော်ဂျူလာနည်းပညာ အသုံးပြုမှု၊ ပိုမိုပေါ့ပါးသည့် အလေးချိန်၊ GDI ( Gasoline In-cylinder Direct-Injection) နှင့် တာဗိုအားသွင်းနည်းပညာ ပါဝင်မှု၊ အမြင့်မားဆုံးသော လည်ပတ်နိုင်အား ပေးစွမ်းနိုင်မှုတို့ကြောင့် European VI emission regulations စည်းမျဉ်းသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုရှိပါသည်။

1.5 TGI Turbo Charging Gasoline Direct-Injection Engine

Turbo Engine ဖြစ်သောကြောင့် အမြင့်မားဆုံးစွမ်းအား ၁၁၅ Kw / ၅၆၀၀ rpm နှင့် အမြင့်မားဆုံး လည်ပတ်အား ၂၃၅ Nm /၁၆၀၀ – ၄၀၀၀ rpm ရှိသည်။ MHI ဖိအားမြှင့် TCI-Tech အပူလှယ်စနစ်သုံး တာဗိုအားသွင်းနည်းပညာကို အသုံးပြုထားသဖြင့် အမြင့်ဆုံး ၁၂၄ KW/5600 rpm အထိ စွမ်းဆောင်နိုင်မည် ဖြစ်သည်။

1.8 TGI Turbo Charging Gasoline Direct-Injection Engine

အင်ဂျင်စက်၏ မြန်နှုန်းမြင့်စွမ်းဆောင်ရည်နှင့် ပိုမိုကောင်းမွန်သည့် ရှိန်နှုန်းနိမ့်လည်ပတ်အားတို့ကို ၁၁၈ kw/ ၅၅၀၀ rpm စွမ်းအား၊ ၂၁၅ Nm/ ၂၅၀၀-၄၅၀၀ rpm စွမ်းအားမြှင့်လည်ပတ်အား၊ ၉.၂ စက္ကန့်အတွင်း ၀-၁၀၀ km/h အရှိန်နှုန်းဖြင့်မောင်းနှင်နိုင်မှု စသည်တို့ကထိန်းညှိပေးထားပါသည်။

2.0 TGI Turbo Charging Gasoline Direct-Injection Engine

GDI (Gasoline In-cylinder Direct-Injection) , TURBO ( Exhaust Turbo charging) , DVVT (Dual Variable Valve Timing) နှင့် အခြားနည်းပညာများကြောင့် စွမ်းအားပိုမိုပေးစွမ်းနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ပိုမိုအကျိုးပြုခြင်း၊ European VI emission regulations နှင့်ကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့နိုင်သည်။

6 TST Oil-cooling Twin Shift Transmission

အပြန်အလှန်ချိတ်ဆက်ထားသည့် လျှပ်စစ်ဟိုက်ဒရောလစ်စနစ်က ချောမွေ့ညက်ညောသည့် မောင်းနှင်မှုအတွေ့အကြုံနှင့် လောင်စာဆီကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေသည့် စွမ်းအားအမြင့်ဆုံး အင်ဂျင်စက်တစ်ခုဖြစ်စေရန်  ပံ့ပိုးပေးထားသည်။ အာရုံခံစနစ်အခြေခံ ဂီယာအပြောင်းအရွှေ့ စနစ်ပါရှိသည့်အတွက် ဂီယာအရွှေ့အပြောင်းကို အကောင်းဆုံး ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

7 TST Twin Shift Transmission

တိကျသည့် ဂီယာအရွှေ့အပြောင်း၊ Intelligent နည်းပညာစနစ်၊ လျင်မြန်သည့် လည်အားထုတ်လွတ်မှု စသည်တို့သည် ဂီယာအုံစက်ပိုင်းစနစ်ကို ချောချောမွေ့မွေ့ ဖြစ်စေသည့်အတွက် ကားမောင်းရာ၌ ပို၍ သက်သောင့်သက်သာ ဖြစ်စေပါသည်။ GM နှင့်ပူးပေါင်းကာထုတ်လုပ်ထားသော TST သည် အရှိန်နှုန်း ၇ ဆင့်၊ 3 Shaft ဒီဇိုင်းနှင့် ထူးခြားသည့် Frictional Materials များကို အသုံးပြုကာတီထွင်ထားခြင်းဖြစ်သည်။