MG 4 Five-Link Rear Independent Suspension

MG 4 တွင် ပေါ့ပါးသောကိုယ်ထည်၊ ကျယ်ဝန်းသောနေရာနှင့် မြင့်မားသောစွမ်းဆောင်ရည်တို့ကို ရရှိစေရန် ထိပ်တန်းအဆင့်မီ 5-Link Independent Rear Suspension ကို အသုံးပြုထားပါသည်။

Class Leading 5-Link Independent Rear Suspension

  • ဇိမ်ခံကားနှင့် ပရီမီယံအရည်အသွေးရှိသော ကားများတွင်အသုံးပြုလေ့ရှိသည့် MacPherson front + Five-Link Independent Rear Suspension တို့ကိုအသုံးပြုထားခြင်း၊
  • တာယာကိုကောင်းမွန်စွာထိန်းညှိထားခြင်းကြောင့် မညီညာကြမ်းတမ်းသောလမ်းများပေါ်တွင်ပင် ကောင်းစွာထိန်းကြောင်းနိုင်ခြင်း၊
  • ကိုယ်ထည်ခါယမ်းခြင်းနှင့် တုန်ခါမှုများကို လျှော့ချထားနိုင်ခြင်းသည် မောင်းနှင်မှုစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး သက်တောင့်သက်သာဖြစ်စေပါသည်။

Lightweight Chassis – Aluminum + Steel Structure

  • ကားကိုယ်ထည်တစ်ခုလုံး၏ အလေးချိန်ကိုလျော့ချထားခြင်းဖြင့် ခရီးအကွာအဝေးကို ပိုမိုရရှိစေပြီး၊
  • ပို၍ခိုင်ခံ့မာကြောသောကိုယ်ထည်ဖြစ်စေရန် အထူးရွေးချယ်ထားသော အလူမီနီယံနှင့် အလွန်မာကြောသောသံမဏိများကို အသုံးပြုထားပါသည်။

Save Space

  • တူညီသော wheelbase တွင်ပင်၊ MG 4 သည် Front-mounted steering rack နှင့် swing-arm axle တည်ဆောက်မှုကြောင့် ICE to EV ပြောင်းထားသောကားများထက် ပိုထွက်လာသောနေရာ ၂၅% တွင် ပို၍ကြီးသောဘက်ထရီကို ထည့်သွင်းနိုင်တည်ဆောက်ထားနိုင်သော အားသာချက်ရှိသည်။