MG 4 Ultra Thin One-Pack Battery Design

MG 4 Electric သည် One-Pack Battery Design အဖြစ် Horizontal Cell Design သို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် ဘက်ထရီဈေးကွက်တွင် ၁၁၀ မီလီမီတာ အထူသာရှိသည့် အပါးလွှာဆုံးထိပ်တန်းဘက်ထရီတစ်ခုဖြစ်လာခဲ့သည်။ ဘက်ထရီ၏အထူကိုလျော့ချလိုက်ခြင်းအားဖြင့် ကား၏အတွင်းခန်းနေရာကို ပိုမိုကျယ်ဝန်းစေပါသည်။

Horizontal Cell Design ကို Cell-To-Pack အယူအဆနှင့်ပေါင်းကာ ထုတ်လုပ်ထားသဖြင့် အလွန်မြင့်မားသောစွမ်းအင်သိုလှောင်မှုကို ရရှိစေပါသည်။ Novel Zero Thermal Runaway Technology အပူထိန်းနည်းပညာ နှင့် ဆန်းသစ်တီထွင်ထားသော Cell Adaptive Pressure Control System ဖိအားထိန်းချုပ်မှုစနစ်တို့ပါရှိခြင်းက ဘက်ထရီသက်တမ်းကိုပို၍ရှည်စေမည်ဖြစ်သည်။

  • High Density Battery
  • Zero Thermal Runaway Protection
  • Long Life Span

Ultra-Thin

သမားရိုးကျဒေါင်လိုက်ဘက်ထရီဒီဇိုင်းများနှင့် ကွဲထွက်ကာ အမြင့်သိပ်မရှိသော Horizontal Cell Design ဖြစ်သည့်အတွက် အပူခံပြား Heat Shields အရေအတွက် လျော့နည်းသွားသောကြောင့် စွမ်းအင်သိုလှောင်မှုပိုမိုမြင့်မားသည်။ ထို့ကြောင့် MG 4 Battery သည် ဈေးကွက်ထဲတွင် စွမ်းအင်သိုလှောင်မှု အလွန်မြင့်မားကာ ၁၁၀ မီလီမီတာအထူသာရှိသည့် အပါးလွှာဆုံးသော ထိပ်တန်းဘက်ထရီအမျိုးအစား ဖြစ်လာခြင်းဖြစ်သည်။

Completely Flat

ဘက်ထရီထိန်းချုပ်မှုစနစ်ကို အပေါ်ဘက်နေရာမှ ဘေးဘက်သို့ရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် အလွန်ပါးလွှာသော ဘက်ထရီဖြစ်လာသည်။ ယင်းကြောင့် ကား၏အတွင်းခန်းသည် နေရာပိုကျယ်သွားစေသည်။

New Structure

Large Modules နေရာတွင် Cell-to-Pack ဖြင့် အစားထိုးလိုက်သောအခါ ဘက်ထရီ၏အရွယ်အစားကို အနည်းငယ်သေးစေခြင်းဖြစ်သည်။