MG Myanmar Official Announcement

03/03/2021

” MG Myanmar နှင့် ပက်သက်၍ တန်ဖိုးထားလေးစားရပါသော မိဘပြည်သူများအား မေတ္တာရပ်ခံ ပန်ကြားချက် ”
ယခု အခါတွင် … ကျွန်တော်တို့ MG Myanmar ၏ တန်ဖိုးထား လေးစားရပါသော မိဘပြည်သူများအကြား လူမှုကွန်ယက် စာမျက်နှာများတွင် MG Myanmar ကို မှားယွင်းစွာ ယူဆ ရေးသားထားသော အကြောင်းအချက်များဖြင့် မဟုတ်မမှန် သတင်းအမှားများ လွန်စွာ ပျံ့နှံ့လျှက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါသည်။ ထို့ကြောင့် ကျွန်တော်တို့ MG Myanmar အနေဖြင့် ယခု မေတ္တာရပ်ခံ ပန်ကြားချက် သတင်းကို ထုတ်ပြန်ချက်ကြေငြာလိုက်ရပါတယ်ခင်ဗျာ။
ကျွန်တော်တို့ MG Myanmar သည်လည်း မြန်မာ ပြည်သူထဲမှ ပြည်သူစစ်စစ်ဖြစ်သည့်အတွက် ယခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ရင်ဆိုင်နေရသော အခြေနေဆိုးများအပေါ် ပြည်သူ တစ်ယောက်ချင်းစီနှင့်အတူ လွန်စွာ ထပ်တူခံစားရပါတယ်ခင်ဗျာ။
ကျွန်တော်တို့ MG Myanmar သည် မည်သည့် အစိုးရ ဌာနဆိုင်ရာအဖွဲ့စည်းများနှင့်မဆို လုံးဝ ( လုံးဝ ) ပါဝင်ပက်သက်ခြင်း မရှိဘဲ ၊ သာမာန်ပြည်သူ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသော ဦးကိုကိုနိုင် (ခ) ဦးနိုင်ဖြိုးကျော် နှင့် ဦးရဲသီဟတို့နှစ်ဦး၏ တရားဝင်မူပိုင်ဖြင့်သာ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် တင်သွင်း၍ နိုင်ငံတော် အခွန်များကိုလည်း ပွင့်လင်းမြင်သာစွာ အစဉ် ထမ်းဆောင်လျှက် MG Brand New ကားများကို တင်သွင်း ဖြန့်ဖြူး ရောင်းချ လုပ်ကိုင်လျှက် ရှိပါသည်။
လက်ရှိ ဖြစ်ပေါ်နေသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး၏ စိတ်မကောင်းဖွယ်ရာ အရေးအခင်း အခြေအနေများ စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍လည်း ကျွန်တော်တို့ MG Car Showroom များကို အခြေအနေများ ပြန်လည်ကောင်းမွန်သည်အထိ တရားဝင်ယာယီပိတ်ထားခဲ့ပြီး ၊ ကျွန်တော်တို့၏ ဝန်ထမ်းများသည်လည်း ပြည်သူ့လှုပ်ရှားမှုများတွင် လွတ်လပ်စွာ ပါဝင်လျှက် ရှိနေပါသည်။ ထိုသို့ ပါဝင်နေကြသူ ဝန်ထမ်းများ အားလုံးကိုလည်း လစာခံစားခွင့်များ (လုံးဝ) လျှော့ပေါ့ခြင်း မရှိပဲ ရာနှုန်းပြည့် အပြည့်အဝ ထောက်ပံ့လျှက်ရှိပါသည်။
ကျွန်တော်တို့ MG Myanmar ၏ အခြေနေအမှန်ကို ယခုလို ရှင်းလင်း ထုတ်ပြန်ချက် ကြေငြာထုတ်ပြန်ပြီးသည့် အချိန်မှစ၍ ကျွန်တော်တို့ MG Myanmar အပေါ် လူမျိုးရေး စေတနာဒေါသောဖြင့်သော်လည်းကောင်း ၊ စီးပွားရေး အရသော်လည်းကောင်း ၊ ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း မဟုတ်မမှန်သတင်းများကို ဆက်လက်ရေးသား ဖြန့်ဝေခြင်းများ မပြုကြပါရန် အနူးအညွတ် လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါရစေခင်ဗျာ။
MG Myanmar နှင့် ပတ်သက်၍ ထပ်မံ သိရှိလိုသည်များရှိပါက MG Myanmar ၏ Hotline Phone များကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။