MG x AI Esports Collaboration

05/09/2022

MG ဆိုတာ ငယ်ရွယ်ခြင်း၊ တက်ကြွခြင်းတို့ရဲ့ အမှတ်အသားတစ်ခုဖြစ်သည့်အားလျော်စွာ စိတ်အားထက်သန်ပြီး တက်ကြွထက်မြက်ခြင်းများနှင့် ပြည့်နှက်နေသောလူငယ်များကို အစဉ်အမြဲကမ်းလင့်ကြိုဆိုလျက်ပါ။ ထို့ကြောင့် MG နှင့် AI Esports အသင်းကြီးတို့သည် စက်တင်ဘာလ ၅ ရက်နေ့၊ ၂၀၂၂ ခုနစ်ကစတင်ပြီး လက်တွဲလိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့်ကြေညာအပ်ပါသည်။ Esports လောကတွင် MG နှင့် AI Esports တို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို စောင့်မျှော်အားပေးနိုင်ပြီဖြစ်သည်။