BMS System

What is BMS?

BMS (Battery Management System) ဆိုသည်မှာ ICE ကားများကဲ့သို့ Electronic Control Unit တစ်ခုဖြစ်သည်။ သိုလှောင်ထားသောစွမ်းအင်များကို အလေအလွင့်မရှိစေရန်၊ High Voltage လျှပ်စီးပတ်လမ်းတစ်ခုလုံး၏ ဘေးအန္တရာယ်ကင်းရှင်းရေးများနှင့် ကား၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးအသုံးပြုနိုင်ရန်အတွက် စွမ်းဆောင်ပေးနိုင်သော Control Unit တစ်ခုဖြစ်သည်။

BMS မည်သို့အလုပ်လုပ်သနည်း။

BMS ၏ အသေးစိတ်လုပ်ဆောင်ချက်များမှာ လျှပ်စစ်ကားများတွင် High Voltage Battery ပါဝင်ပြီး ထို Battery အတွင်းတွင်ရှိကြသော Battery Cell များ၏ အပူချိန်များ၊ ပြောင်းလဲမှုများ၊ Voltage ပြောင်းလဲမှုများဖြစ်သော High Voltage လျှပ်စီးပတ်လမ်းကြောင်းများတွင်ရှိသော ဘေးအန္တရာယ်လုံခြုံရေး Data အချက်အလက်များကို စုဆောင်းပြီး သက်ဆိုင်ရာ Control Unit များသို့ Information များပို့ဆောင်ပေးသည်။ ထိုနည်းတူစွာ BMS သည် ရရှိလာသော Information များပေါ်မူတည်ပြီး ပူခြင်း၊ အေးခြင်း စသည့်အနေအထားများကို ချိန်ညှိနိုင်ရန် အချို့သော Control Unit များကို လုပ်ငန်းဆောင်ရွက်စေသည်။

BMS မှ ပို့ဆောင်လိုက်သော Information များကို ရရှိသွားသည့် Control Unit များသည် ကားစက်နှိုးခြင်းများ၊ ရပ်တန့်ခြင်းများ၊ ကားအရေးပေါ်ရပ်တန့်ခြင်းများ၊ အိမ် သို့မဟုတ် Charging Station များတွင် AC, DC အားသွင်းခြင်းများအတွက်ပါ BMS Control Unit များမှ အသေးစိတ်ပံ့ပိုးပေးထားသည်။

BMS သည် မည်သည့်အတွက်ကြောင့် အရေးကြီးသနည်း။

  • BMS သည် ကား၏ Battery Cell များပူလာပြီး Battery လောင်ခြင်းအခြေအနေမျိုး မဖြစ်ပေါ်စေရန် တားဆီးပေးခြင်း၊
  • မျှော်လင့်မထားသော မတော်တဆမှုများ ကြုံလာရသောအခါတွင်လည်း High Voltage လျှပ်စီးလမ်းကြောင်းတွင် ဓာတ်လိုက်ခြင်းမဖြစ်စေရန် တားဆီးကာကွယ်ပေးခြင်း၊
  • ကားတစ်စီးလုံး ရေနစ်သော အခြေအနေများတွင်လည်း ယာဉ်နှင့် ယာဉ်တွင်လိုက်ပါစီးနင်းသူများအားလုံး ဘေးကင်းလုံခြုံစိတ်ချရစေရန် လျှပ်စီးပတ်လမ်းအား ဖြတ်တောက်ပေးခြင်း၊
  • စွမ်းအင်သိုလှောင်ထားစဉ်နှင့် ထုတ်ယူသုံးစွဲသည့် အခြေအနေများတွင် စွမ်းအင်ကိုအလေအလွင့်မရှိစေရန် ထိန်းချုပ်ထားနိုင်ခြင်း စသည့်အချက်များကြောင့် BMS သည် လျှပ်စစ်ကားများအတွက် အလွန်အရေးကြီးသည့်စနစ်ဖြစ်ပါသည်။