I-Smart

Smart နည်းပညာ ၃ ခုကြောင့် ကားမောင်းခြင်းထက် သာလွန်သည့် အနှစ်သာရကို ခံစားရမည်ဖြစ်သည်။

SMART CHECK, SMART COMMAND, SMART CONNECT

ပိုမိုအဆင့်မြင့်ကာ ပိုမိုကောင်းမွန်သော i-SMART နည်းပညာကို အနာဂတ်တွင်ထပ်မံတွေ့ရှိရမည်ဖြစ်သည်။  i-SMART system ၏ အသေးစိတ်အချက်အလက်များသည် မတူညီသောအသုံးပြုပုံများကြောင့် ရရှိနိုင်မည့်ဝန်ဆောင်မှုသည်လည်း ကွဲပြားနိုင်သည်။ MG ၏ i-SMART system ဉာဏ်ရည်စနစ်ကြောင့် ကားမောင်းသူကို ကားနှင့် ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။ ဤနည်းပညာကြောင့် ကားကို အလွယ်တကူ စောင့်ကြည့်ထိန်းချုပ်နိုင်ခြင်း၊ မိမိကြိုက်နှစ်သက်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ နေ့စဉ်ဘဝတွင် ချိတ်ဆက်အသုံးပြုနိုင်ခြင်းနှင့် လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

AI နည်းပညာကို အသုံးပြုထားသည့်အတွက် လူမှုဘဝကို ပိုမို လွယ်ကူလာစေမည့်အပြင် အီလက်ထရောနစ်စနစ်သုံး လူနေမှုပုံစံများဖြစ်သည့် အသံဖြင့် အမိန့်ပေးစနစ်၊ မျက်နှာပြင် ထိတွေ့စနစ်အတွက် Command လုပ်ခြင်းနှင့် စမတ်ဖုန်း အက်ပလီကေးရှင်းများနှင့် ချိတ်ဆက်အသုံးပြုခြင်း စသည့် လုပ်ဆောင်ချက်များစွာပါဝင်ပါသည်။

Smart Check

စမတ်ဖုန်းကို အသုံးပြု၍ အချိန်နေရာမရွေး မိမိ၏ကားကို အလွယ်တကူစစ်ဆေးနိုင်မည်ဖြစ်ပြီး လူကြီးမင်းတို့၏ ဘေးကင်းလုံခြုံမှုနှင့် အဆင်ပြေစေမှုအတွက်အသုံးဝင်သည့် လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းအသုံးပြုထားပါသည်။ ဤစနစ်မှတဆင့် ဘက်ထရီနှင့် အားဖြည့်သွင်းမှုအခြေအနေများကို စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ Charging Station များကို ကူညီရှာဖွေပေးနိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

Smart Command

“Hello MG” ဟု ပြောရုံဖြင့် လူကြီးမင်းတို့၏ စမတ်ဖုန်းမှတဆင့် ပိုမိုတိကျသည့် လုပ်ဆောင်ချက်များကို အမိန့်ပေး ခိုင်းစေနိုင်မည် ဖြစ်ပါသည်။ ကားစတီယာရင်ပေါ်မှ လက်ကိုဖယ်ရန်မလိုဘဲ နှုတ်ဖြင့်အမိန့်ပေးရုံဖြင့် ကားမောင်းသူသည် ဘေးကင်းလုံခြုံစွာ Command ပေးနိုင်မည်ဖြစ်ပါသည်။

Smart Connect

i-SMART ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ကို မျှော်မှန်းထားသည့် အတိုင်းအတာထက်ကျော်လွန်သည့် အဆင်ပြေသက်သာမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည့်အတွက် ထူးကဲသည့် ကားမောင်းခြင်း အရသာကိုခံစားနိုင်မည် ဖြစ်ပါသည်။