MG FAMILY

မတူညီတဲ့ဒေသများမှလာခဲ့ကြသော်လည်း လူကြီးမင်းတို့အတွက် ဒုတိယမိသားစုဖြစ်တဲ့ MG ဟာ အမြဲတမ်းအကောင်းဆုံးလုပ်ဆောင်ချက်များနှင့် အသင့်ရှိနေပေးမှာဖြစ်ပါတယ်။

MG ZS EV Test Drive Interview

MG ZS EV ကိုလာရောက်မောင်းနှင်ခဲ့ကြတဲ့ EV ကားကြိုက်နှစ်သက်သူများထဲမှ Customer အချို့ကို မောင်းနှင်ရတဲ့ခံစားချက်နဲ့အတူ အနာဂတ်မှာ EV ကားတွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ထင်မြင်ယူဆချက်အချို့ကို မေးမြန်းခဲ့ပါတယ်။ MG Myanmar ရဲ့ Official Youtube Channel - https://www.youtube.com/watch?v=7Vc-sLBJBYI&t=7s မှာ လေ့လာနိုင်ပါတယ်။


MG Family's Feedback in MG Family Club Community Group

Ko Sithu Aung - " ပြန်ဝယ်လိုက်တဲ့ ပိုင်ရှင်အသစ်အနေနဲ့မေးပါရစေခင်ဗျာ။ Engine oil လဲရင်ဘယ်လောက်ကျပါလဲ။ ဘာအမျိုးအစားတွေထည့်ကြပါလဲ။ ဘယ်ဆိုင်တွေမှာလုပ်ပါလဲ။ Showroom မှာမလုပ်ရင်ရော warranty ပျက်ပါလား။ air con လေစစ် filter လိုပစ္စည်းတွေရောဘယ်မှာဝယ်ကြပါလဲ။ MG zs ပါခင်ဗျ။
ကားကိုတော့တော်တော်ကြိုက်ပါတယ်။ မောင်းရတာရော အတွင်းခန်းရော တခြား China imports တွေထက်ကောင်းတယ်လို့ခံစားမိလို့ပါ။ ကျေးဇူးပါခင်ဗျ"

Naing Zaw Kotar - "show room မှာ အတော်ပြည့်စုံပါတယ်"

Phyo Min Tun - "အကုန်လုံးနီးပါး showroom မှာရပါတယ်။ engine oil၊ filter နဲ့ လက်ခက တစ်သိန်းလောက်ကျပါတယ်။ လက်ရှိနောက်ဆုံးဈေးရယ် အပြင်မှာလဲရင် warranty ပျက် မပျက်ရယ်နဲ့ တခြားသိချင်တာကိုတော့ MG service ကိုမေးကြည့်လို့ရပါတယ်။ စကားပြောရ အဆင်ပြေကြပါတယ်။"

Grace Ong Awng - "showroom/service center ပဲ အဆင်ပြေပါတယ်။ ဝန်ဆောင်မှုနဲ့ ဆက်ဆံရေးက တခြား company ထက် အများကြီးသာပါတယ် 😉"

Ko Pyae - " တရုတ်မှာဆင်ဒါပါအမှန်တော့UKကားပါပဲအပြင်မှာစက်ထိုးစစ်တရုတ်ကားgroupထည်းမရှိပါဘူးUK ထဲမှာရှိဒါပါ"


MG & MG Family CSR Activity "Save our Planet with MG"

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် MG Owner Family များကြား တက်ကြွစည်းလုံးသော Community ကောင်းတစ်ခု အမြဲရရှိနေစေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည့် “Save Our Planet with MG” CSR Community Activities သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ၊ သံဃာများကိုဆွမ်းကပ်လှုဒါန်းခြင်း နှင့် ကလေးငယ်တို့ကို လိုအပ်တဲ့အသုံးအဆောင် အစားအသောက်များ ဝေမျှခြင်းတို့ဖြင့် တစ်နေ့တာလုံးဟာ စိတ်ချမ်းသာ ကျေနပ်ပီတိ အမှတ်ရခြင်းများရှိခဲ့ပါသည်။ ဤသို့ အမှတ်တရကောင်းများသည် ကျွန်တော်တို့ MG Myanmar အတွက်လည်း အဖိုးထိုက်တန်လွန်းလှပါသည်။ အနာဂတ်တွင်လည်း လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းများကို MG Families များနှင့်အတူ တက်ကြွစွာလုပ်ဆောင်သွားနိုင်ရန် ကတိကဝတ်လည်း ပြုအပ်ပါသည်။


In the future, we, MG, promise to be able to actively work together with MG Families to do socially beneficial activities.


MG 5 Review By U Zin Aung Myint & U Wanna Shein

"MG ကားကို ကိုယ်တိုင်စီးနေတာသဘောကျတဲ့အပြင် MG ကပေးထားတဲ့ Trade in ဝန်ဆောင်မှုကိုလည်း အရမ်းသဘောကျတယ်ဆိုတဲ့အကြောင်း မျှဝေထားတဲ့ Review Video"

ကျစ်ကျစ်လစ်လစ်ဒီဇိုင်းအသွင်အပြင်နှင့် အဆင့်မြင့်နည်းပညာများကို လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ရန် ဖန်တီးထားပြီး စွမ်းဆောင်ရည်ပြည့်ဝသော Luxury ကားကောင်းတစ်စီးဖြစ်သည့်အတွက် အသိမိတ်ဆွေများကို MG ကားဝယ်စီးရန် အမြဲတိုက်တွန်းဖြစ်သည်ဆိုသော MG 5 Owner MG Family ဝင် "ဦးဇင်အောင်မြင့်နှင့် ဦးဝဏ္ဏရှိန်" တို့ ညီအစ်ကို ၂ ဦးမှ Brand New MG 5 Sedan ကားလေးသည် မြို့တွင်းမောင်းနှင်ဖို့အတွက်သာမက၊ ခရီးဝေးများထွက်သည့်အခါမှာပါ ငြိမ့်ညောင်းသာယာသော Driving Experience နှင့် Driving Feeling ကို အသေးစိတ်ရှင်းပြပေးထားခြင်းဖြစ်ပါသည်။

ထို့အပြင် MG CARE Team မှပေးအပ်သော Aftersales Service များအပေါ် ကျေနပ်အားရမှုရှိသည့် Feedback များအတွက်လည်း အထူးပင်ကျေးဇူးတင်ပါသည်။ ရှေ့ဆက်မည့်အနာဂတ်များတွင်လည်း လေးစားတန်ဖိုးထားရသော MG Family ဝင်များအတွက် အကောင်းဆုံးသောဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားရန် အမြဲကြိုးစားလျက်ရှိနေကြောင်း ကတိပြုရင်း MG 5 Review Video လေးကို ကားချစ်သူများ လေ့လာကြည့်ရှုနိုင်ပါသည်။


MG ZS Review by Ma Shwe Myat Thin

" MG Myanmar ရဲ့ SUV မင်းသားကြီး MG ZS ကိုလက်ရှိစီးနေတဲ့ MG Family ဝင်တစ်ဦးရဲ့ စကားသံ"
--------------------------------------------------------------------------
မြန်မာပြည်က ကားချစ်သူ SUV ကြိုက်နှစ်သက်သူများကြားတွင် Valuable Performance ကိုအပြည့်အဝပေးစွမ်းနိုင်သဖြင့် စတင်မိတ်ဆက်ရောင်းချကတည်းက ကားချစ်သူတို့အသဲစွဲ လူကြိုက်များရောင်းအားကောင်းခဲ့သော MG Myanmar ၏ SUV မင်းသားကြီး MG ZS အကြောင်းကို ယခုလက်ရှိ ဝယ်ယူအားပေးထားသည့် MG Family ဝင်တစ်ဦးဖြစ်သော မရွှေမြတ်သင်းက MG Brand အပေါ်တွင်ထားရှိသော သူမ၏ခံစားချက်၊ MG Aftersales Service ၏စိတ်ကျေနပ်စရာကောင်းသည့် ဝန်ဆောင်မှုများအပြင်၊ MG ZS သည် အမှန်တကယ် Performance ပြည့်မီသောကားကောင်းတစ်စီးဖြစ်သလားဆိုတာကို တွေ့ဆုံမေးမြန်းထားသည့် Review Video လေးတွင် MG ZS အကြောင်းကို အသေးစိတ်ပိုမိုသိရှိချင်သော ကားချစ်သူတို့အနေနှင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
ကျွန်တော်တို့လေးစားချစ်ခင်ရသော MG Family ဝင်များထံမှရရှိသော ချီးကျူးစကားသံများသည် MG Myanmar အနေနှင့် အသစ်အသစ်သော အစီအစဉ်များနှင့် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို အမြဲတမ်းပေးအပ်သွားနိုင်ဖို့ ကြိုးစားမှုများအတွက် ခွန်အားတစ်ရပ်ပါ။


MG HS Review By Ko Wai Yan Min Khant

"မြန်မာပြည်ကို MG Brand စရောက်ပြီဆိုတာနဲ့ MG ကားဝယ်စီးမယ်လို့ စိတ်ကူးထားတဲ့ MG Family ဝင်တစ်ဦး"
---------------------------------------------------
MG ကားများနှင့် ပတ်သက်လျှင် စိတ်ဝင်တစားလေ့လာတတ်သော Passion ရှိသူတစ်ဦးပီပီ…
MG ကားများသည် ကားတစ်စီး၏ဖြစ်တည်ခြင်းထက် ပိုသောအဓိပ္ပာယ်များနှင့် မြန်မာပြည်ကိုရောက်လာသည့်အချိန်တွင်လည်း လိုချင်ခဲ့သည့်အချက်များအတိုင်း ပြီးပြည့်စုံနေသော ကားတစ်စီးဖြစ်သည့်အတွက် MG Brand ကိုရွေးချယ်ခဲ့သည်ဆိုသော ကျွန်တော်တို့လေးစားတန်ဖိုးထားရသည့် MG Family ဝင် ကိုဝေယံမင်းခန့်မှ Performance ပိုင်း၊ Safety ပိုင်းများနှင့်ပတ်သက်လာလျှင် ကမ္ဘာ့အဆင့်မီ Euro NCAP 5 Stars Safety Award နှင့် Best Subcompact Crossover ဆုများကိုလထိုက်တန်စွာရရှိထားသော MG HS ကားကိုစီးနင်းရသော အတွေ့အကြုံများသည် မည်သို့စိတ်ကျေနပ်အားရမှုများအား ပေးစွမ်းနိုင်သည်ကို ဤ Review Video တွင် အသေးစိတ်ရှင်းပြပေးထားသောကြောင့် ကားချစ်သူများလည်း MG HS အကြောင်းများကို လေ့လာကြည့်ရှုနိုင်ပါသည်။


MG RX5 Review by Ko Myat Thu Soe & Ma Khin Hnin Yu

" မောင့်ကိုချစ်လို့ မောင်ပါတဲ့ "𝗠𝗚" ကားလေးကို ဝယ်စီးဖြစ်တာပါလို့ဆိုတဲ့ ချစ်စရာ MG Family ဝင် ဇနီးမောင်နှံ နှစ်ဦးရဲ့ MG RX 5 Review "

ခန့်ညားထည်ဝါတဲ့ရုပ်ထွက်နှင့် ဝံ့ဝံ့ကြွားကြွားဒီဇိုင်းအသွင်အပြင်ကြောင့် လမ်းမထက်မှာ မြင်သူတကာငေးမောရပြီး မြို့တွင်းမောင်းနှင်မှုအတွက်သာမက၊ အထူးသဖြင့် Off Road မောင်းနှင်မှုတွေ၊ တောင်ဆင်းတောင်တက်လမ်း၊ ခရီးကြမ်းမောင်းနှင်မှုတွေမှာ အရုန်းအဆွဲပိုင်း ပိုင်နိုင်စိတ်ချရကာ အကြမ်းခံပြီး စွမ်းဆောင်မှုပြည့်ဝသော Brand New MG RX5 ကို မည်သို့သောအဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး မည်သို့သောခွန်အားပြည့်စွမ်းဆောင်မှုများကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်းကို MG Family အဖွဲ့ဝင်ဖြစ်သော လက်ရှိ MG RX5 ကိုဝယ်ယူစီးနင်းနေသူ ကိုမြတ်သူစိုးနဲ့ မခင်နှင်းယုတို့ ဇနီးမောင်နှံနှစ်ဦး၏ဖြေကြားပေးထားသောစကားသံများကို ဗီဒီယိုတွင် ကြည့်ရှုပြီး လေ့လာသုံးသပ်နိုင်ပါသည်။

ကျွန်တော်တို့ MG Myanmar မှပေးအပ်သော ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး MG Family ဝင်များဆီမှ ပြန်လည်ကြားသိရသော စိတ်ကျေနပ်မှုစကားသံများက ကျွန်တော်တို့အတွက်ခွန်အားပီတိများဖြစ်စေပါသည်။ ယခုထက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားမည်ဟုလည်း ကတိကဝတ်ပြုအပ်ပါသည်။


MG ZST Review by MG Family Ko Min Zaw Oo

ဆီစားနှုန်းကို သက်သာစေတဲ့ 1.3 Turbo Engine နှင့် စိတ်ကျေနပ်စရာ Driving Feeling ကိုပေးစွမ်းနိုင်သည့် Sporty Look Design နှင့် MG ZS T ကို ဝယ်ယူအားပေးထားသော MG Family ဝင်တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းဦးနှင့် တွေ့ဆုံကာ MG Brand အပေါ်ထားရှိသော သူ၏အမြင်၊ MG ZS T ကို မောင်းနှင်ရချိန်မှာဖြစ်ပေါ်သော စိတ်ကျေနပ်ဖွယ်ရာအတွေ့အကြုံများအကြောင်းကို အသေးစိတ် ပြောပြထားသည့် စကားသံများကို MG ZS T ကို ဝယ်ယူရန်စဉ်းစားနေသောသူများနှင့်၊ MG ကားများအကြောင်းကို အသေးစိတ်လေ့လာချင်သည့် ကားချစ်များအတွက် ဝေမျှလိုက်ပါသည်။
ယခုအချိန်အထိ MG Myanmar အနေနဲ့ အောင်မြင်စွာရပ်တည်နေနိုင်ခြင်းက ကျွန်တော်တို့တန်ဖိုးထားလေးစားရပါသော MG Family ဝင်တွေဆီကရသော ချီးကျူးစကားသံတွေနဲ့အားပေးထောက်ခံပေးမှုတွေကြောင့်ဖြစ်ပါသည်။ ဆက်လက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဟုလည်း ဂတိကဝတ်ပြုအပ်ပါသည်။


Our Beloved MG Family Reviews

Brand တစ်ခု၏ Value နှင့် Image သည် အသုံးပြုသူ၏ Brand အပေါ်ထားရှိသော ခံယူချက်နှင့် ယုံကြည်မှုအပေါ်မူတည်ပါသည်။
အလားတူပင်၊ ကျွန်ုပ်တို့၏ MG Brand အတွက် အရေးကြီးဆုံးအချက်မှာ ကျွန်တော်တို့လေးစားချစ်ခင်ရပါသော MG Family များမှရရှိသော MG ကားများမှရရှိသော စိတ်ကျေနပ်မှုများနှင့် အဆင်ပြေမှုများပင်ဖြစ်ပါသည်။ ဤကဲ့သို့သော ဖောက်သည်များ၏ ယုံကြည်ကိုးစားမှုနှင့် ပံ့ပိုးကူညီမှုသည် ကျွန်ုပ်တို့၏ MG Myanmar အတွက် ကြီးမားသေအထောက်အပံ့ဖြစ်စေပြီး အနာဂတ်အတွက် ဆက်လက်ကြိုးစားရန်အားအင်တစ်ခုဖြစ်စေပါသည်။ MG မိသားစုဝင်များ၏ MG ကားများနှင့်ပတ်သက်သော အတွေ့အကြုံများ၊ သုံးသပ်ချက်များနှင့် ကျေနပ်မှု စကားသံများကို အောက်ဖော်ပြပါ ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
ကျွန်ုပ်တို့၏ MG Myanmar မှ Brand New MG ကားများကို ယုံကြည်စွာ ဝယ်ယူအားပေးကြသော Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။


MG Family Review (MG HS & MG ZST)

"အခုလက်ရှိမှာကို ZST ရော HS ရော ၂ စီးလုံး စီးနေလို့ ကျွန်တော့်လက်တွေ့ အတွေ့အကြုံ လေးတွေ ပြောပြမယ်ဗျ။
ကျွန်တော်က MG ဒီကို စဝင်လာတဲ့ ZS ကို စစီးကတည်းက MG တွေမာတယ် မဆိုးဘူးလို့ သူများအပြောထက် ကိုယ်တိုင် သွားမောင်းကြည့်ပီး လက်ခံခဲ့တာ၊
ZS ဂီယာ ၄ ချက် အထနှေးတယ်လို့ ZS ကို တချို့တွေ ပြောကြပေမယ့်
ကျွန်တော့်လက်တွေ့ ကတော့ စီးကာစ ကားအသစ်ချက်ချွတ်ဖြစ်တုန်းခဏမှာပဲ ဖြစ်တာပါ
ခရီးသွား အမြန်လမ်းမောင်းတာမှာ တော်တော်လေးစိတ်တိုင်းကျတယ် သွက်တယ်
တကယ့် အကောင်ကြီး Fully SUV တွေဖြစ်တဲ့ Toyota , Ford တို့လိုတွေနဲ့တောင် လမ်းမှာမောင်းရတာ ဖီးမအောက်ဘဲ ကောင်းကောင်းသွက်တယ် ကားလေးက
နောက်ပီး ZS ရဲ့ update generation လို့ခေါ်မလား ZST ဆိုပီး အသစ်ထပ်ထွက်လာတာ
MG Showroom က မကြာသေးခင်ကမှ အသစ်ထုတ်ရောင်းနေတဲ့ကား
သူတို့စရောင်းတည်းက Showroom သွား test drive သွားလုပ်ကြည့်ပီး ကြိုက်သွားတာ၊
အရင် ZS တောင် လက်တွေ့လက်ခံနိုင်ခဲ့တဲ့သူဆိုတော့ ZST ကတော့ ပြောစရာမရှိ ပိုစိတ်ကျေနပ်သွားခဲ့တာဗျာ
Showroom က ဈေးကွက်ထဲ ရောင်းချပေးတာမကြာသေးပေမယ့် ဈေးနှုန်း ၊ ဒီဇိုင်း နဲ့ ဂီယာအချက်ရေ ပိုလာတယ် turbo ပါပါလာတော့ ပေါ့ပါးတယ် လျှင်မြန်မှုရှိတယ်၊ ဆီစားသက်သာတယ်၊ အရုန်းအဆွဲကောင်းတာ ပိုသိသာတယ်။
sport type နဲ့ အတွင်းခန်း ဒီဇိုင်းတွေက လူငယ်တွေ ပိုနှစ်ခြိုက်ကြတယ်ထင်တယ်။ 360 3D camera တွေလည်းပါလာတော့ ကားပါကင်အတွက် အဆင်ပြေတယ်။ Showroom မှာက အရင်စီးတဲ့ ZS နဲ့ trade in လဲစီးလို့ရတော့ တော်တော်လေးအဆင်ပြေတယ်
အရင် ZS လေးနဲ့ ခုတော့လဲစီးထားလိုက်တာ၊

MG က သွင်းလာသမျှထဲ ကျွန်တော့် အကြိုက်ဆုံး ၊ ပိုက်ဆံနိုင်မယ်ထင်တဲ့ အပေါင်းသင်းမှန်သမျှကိုလည်း အညွှန်းပေးဆုံးက HS ကြီးပဲ
အဲ့ မှာHS ကျတော့ သူတို့ MG က ရောင်းပေးနေသမျှထဲမှာ တကယ့် ကြီးကျယ်တဲ့ ကားတစ်စီးရဲ့ပါတဲ့ပုံစံမျိုးတွေအတိုင်း တော်တော်ပြည့်စုံတယ်၊ ဇိမ်ကျတယ် ကားပေါ်တက်တာနဲ့တင် အတွင်း အပြင် ဒီဇိုင်း​ရော ၊ သိပ်အာရုံနောက်စရာမလိုတဲ့ သုံးရတာတော်တော်အဆင်ပြေတဲ့ ခေတ်မှီတဲ့ function တွေရော ၊ safety ပိုင်းရော ၊ တကယ်မောင်းတဲ့သူတိုင်း လက်တွေ့သိကြတဲ့ အရုန်းအဆွဲ တောင့်တင်း performance ရော တော်တော်ပြည့်စုံတဲ့ MG ရဲ့ အကောင်းဆုံးကားလို့ပဲ ကျွန်တော်သတ်မှတ်တယ်။ ကားရဲ့ဆိုဒ်က အငယ်ကောင် ZS တွေထက် နည်းနည်းပိုကြီးတော့ လမ်းပေါ် မောင်းရတာ ပိုဟန့်တယ် smart ကျတယ်လို့ ခံစားရတယ်။ Engine ကြီးပြီး super sport mood ပါတာအပြင် turbo ပါတော့ အဆွဲအရုံးတွေမှာ အယူအဆတွေမှာ တော်တော်ကို စိတ်သွားတိုင်း ကိုယ်ပါတယ်။ ဘယ်လောက်နင်းနင်း အထဲမှာ ငြိမ့်နေတာ ၊ ပါတဲ့မိသားစုတွေပါ ကားမလူးတာ တော်တော်ဇိမ်ရှိတယ်။ အမြန်လမ်းတွေတင်မကဘူး ၊ ၃ ၄ ခါလောက် တောင်ပေါ်လမ်းတွေ မောင်းတာလည်း လမ်းမရွေးကောင်းကောင်းမောင်းလို့ရတယ်။ Sport Type ပါလို့ မောင်းရဲရင်တော့ ထိပ်ဆုံးက ကျွန်တော်ဆိုတဲ့ ကားပါပဲ။

အဲ့တော့ ကျွန်တော့ကို ဘယ်ကောင်အကောင်းဆုံးလဲ မေးရင်တော့ ကျွန်တော်က ကိုယ်သုံးမယ့်အပေါ်မူတည်ပီး ရွေးလို့ပဲ ပြောမယ်
ကားဝယ်စီးပီး ရှုံးနေတဲ့ခေတ်လိုမှာတောင် MG စီးလိုက်တာ မရှုံးဘူး။ ကျွန်တော်ကတော့ လက်ရှိမှာ ZST ရော HS ရော စီးနေပြီး သူတို့ထပ်သွင်းထားတဲ့ ဆလွန်းလေး 6 လေးတောင် ကြိုက်နေတာ၊ အခုကာလနဲ့မို့ ပိုက်ဆံသုံးဖို့ ချိန်နေသေးလို့သာ
အိမ်ကသူတွေအတွက် ထပ်ဝယ်ပေးရရင် အဲ့ကောင်လေး 6 လေး ဝယ်မှာ။

သူတို့ showroom နဲ့ ပက်သက်ရတာ တော်တော် အဆင်ပြေတာလည်းပါတယ်
ခု ကျွန်တော်ပြောနေတာလည်း တန်းမယုံကြနဲ့ဦး၊ ကိုယ်တိုင် စီးကြည့် showroom နဲ့ ပက်သက်ကြည့်ရင် ကျွန်တော် ဘာလို့ ကြိုက်နေလဲ သိလိမ့်မယ်၊ MG ရေ ဘာပဲဖြစ်ဖြစ် စစီးတည်းက ကားစစ်ရမယ့်အကြိမ်တိုင်းပါ လိုက်သတိပေးပေး စစ်ပေး အမြဲ သေချာဂရုစိုက်ကြတာကို ကျေးဇူးတင်တယ် စိတ်ချမ်းသာရတယ်။"


MG Family Review (MG ZST)

ကျွန်တော်တို့ MG အနေဖြင့် MG ZS ကိုစရောင်းစဉ်အခါကလဲ အထက်မြန်မာပြည် Member များ၏ အသိချင်ဆုံးမှာ တောင်ပေါ်လမ်းမောင်းနိုင်၏/ မနိုင်၏ဖြစ်ပါသည်။ တကယ်လဲ MG ZS ဟာတောင်ပေါ်လမ်းမှာသုံးလို့အဆင်ပြေကြောင်း Member များထဲထံမှသိခဲ့ရပါတယ်။

ဒီ့အတွက်ကြောင့် MG ZST ကိုလဲအထက်ပါမေးခွန်းမေးလာနိုင်တဲ့အတွက် Fuel Consumption ထက် Driving Performance အကြောင်းကို ပိုမိုစိတ်ဝင်စားကြသော အရင် MG ZS Member များနှင့် အထက်မြန်မာပြည် New Family Member အတွက် New MG ZST ကို တောင်တက်/ တောင်ဆင်း မောင်းဖို့စိတ်ကူးရခဲ့ပါတယ်။

🚘Test Drive Location - ရန်ကင်းတောင်၊ မန္တလေးတောင်
🚘Test Drive Distance(estimation) - ၁)ရန်ကင်းတောင်(2.2 km)၊ ၂) မန္တလေးတောင် (5 km)
🚘Test Drive Vehicle - New MG ZST
🚘 ယာဉ်ပေါ်ပါလူဦးရေ - ၄ ဦး

မောင်းနှင်မူဆိုင်ရာသက်မှတ်ချက်များ
- ယာဥ်ပေါ်ပါ အလေးချိန်ကိုညီမျှအောင်ထားခဲ့ပါသည်။
- လမ်းအခြေအနေပေါ်မူတည်၍ Drive Mode(D) /Sport Mode(S)/ Manual တို့ကိုပြောင်းလဲမောင်းခဲ့ပါသည်။
- တောင်အဆင်းနေရာများတွင် Hill Descent Control (HDC) သို့ Downhill Speed Regulation(DSR)ကိုသတ်မှတ်ထားသောကီလိုမီတာ ၈-၃၅ ကြားတွင်အသုံးပြု၍ဆင်းခဲ့ပါသည်။
- သတ်မှတ်ထားသောကီလို ၈ -၃၅ အတွင်းမရှိပါက HDC သို့ DSR သည်အလုပ်မလုပ်သည်ကိုသတိထားရပါမည်။
- HDC သို့ DSR သည် ရေ၊ ရွှံ့ နှင့်အခြားချော်ထွက်နိုင်သော လမ်းအခြေအနေပေါ်မူတည်၍မော်တော်ယာဥ်အရှိန်လျှော့ကျမူအပြောင်းအလဲရှိနိုင်ပါသည်။


New MG Family Member

Congratulations to Our Valuable MG Family Nang Khan Phoung

ကမ္ဘာကျော် အင်္ဂလန်ကားအမှတ်တံဆိပ် Brand New MG ကားကိုမှ စိတ်တိုင်းကျ ၊ ယုံကြည် ၊ စိတ်ချစွာဖြင့် ဝယ်ယူအားပေးခဲ့သော ....ကျွန်တော်တို့ တန်ဖိုးထား ချစ်ခင်ရတဲ့ MG Family ဖြစ်သော Ma Nang Kham Phoung ကို အထူးကျေးဇူးတင် မှတ်တမ်းတင်ရင်း အမှတ်တရပုံရိပ်လေးများကို ဝေမျှလိုက်ပါရစေခင်ဗျာ။

Brand New MG ကားအသစ်ကြီးနှင့်အတူ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေ့စဉ်သွားလာမှု ခရီးစဉ်များမှာ အဆင်ပြေချောမွေ့ပြီး ၊ ဘဝခရီးမှာလည်း အောင်မြင်ပျော်ရွှင်မှုများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


MG Family Review (MG ZS)

MG ZS Consumption နှင့်ပတ်သက်ပြီး ရေးမယ်လို့စဉ်းစားထားတာကြာပါပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးတွေ အဆင်ပြေတဲ့အချိန်မှ ဒီ Post တင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် ယခုလက်ရှိ MG ZS User တွေ Family Club ထဲမှာမေးလာကြတော့ ကျွန်တော် သိသလောက် မှတ်တမ်းမှတ်ရာလေးတွေကိုနဲ့ ဒီကားလေး၏ Consumption အကြောင်းကို Share ပါရစေ။
ကျွန်တော်ကိုယ်တိုင် Passenger ကားရော Commercial ကားတွေရော Consumption Test တွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ Test Drive လုပ်တဲ့အခါမှာလည်း result ကောင်းအောင် လုပ်ဆောင်ရတဲ့အပြင် ဆောင်ရန်/ ရှောင်ရန်တွေလဲရှိပါတယ်။
- ခရီးမထွက်ခင် မိမိကားကို သက်ဆိုင်ရာ MG Service Center မှာ နားလည်တတ်ကျွမ်းသော Technician များနှင့် စစ်ဆေး၍လိုအပ်သော ပြင်ဆင်မူများလုပ်ခဲ့ပါသည်။
- တာယာများအားလုံးလေပေါင်ချိန်ညီအောင်စစ်ခဲ့ပါသည်။
- ယာဉ်ပေါ်ပါလူဦးရေနှင့် ၎င်းတို့၏ အထုပ်အပိုးများကို Balance ညီအောင်ထားခဲ့ပါသည်။
- စမှတ်တွင် ဆီအပြည့်ဖြည့်ခဲ့ပါသည်။
- ခရီးစဥ်အဆုံးမှတ်တွင် ဆီအပြည့်ပြန်ဖြည့်ခဲ့ပါသည်။
- Trip Meter ကိုစမှတ်တွင် reset ချခဲ့ပါသည်။
- အမြန်လမ်း Toll Gate အထွက်မှစ၍ Cruise Control ကို 100 km ထား၍ မောင်းခဲ့ပါသည်။(လမ်းပြင်သောနေရာ၊ Traffic ပေါ်မူတည်၍ ၃/၄ ကြိမ် ဖြုတ်မောင်းခဲ့ရ)
ခဏနားခဲ့သောနေရာများ
၁- ၁၁၅ မိုင် ( ၁၅ မိနစ်ခန့်)
၂- ၂၀၁ မိုင် (၂၀ မိနစ်ခန့်)
၃- ၂၈၅ မိုင် ( ၄၅ မိနစ်ခန့်)
စမှတ် ဗဟန်း ဆရာစံလမ်း Max ဆီဆိုင်မှ အဆုံးမှတ် မန္တလေး ၇၄ လမ်း Denko ဆီဆိုင်အထိ စုစုပေါင်းခရီးအကွာအဝေး ၆၃၅ ကီလိုမီတာ( ၃၉၄.၅၇ မိုင်) ကို ၃၉.၂၄၁ လီတာ( ၈.၆၃ ဂါလံ) ဆီစားနှုန်းရှိခဲ့ပါသည်။
ဆီ ၁ လီတာကို ၁၆ ကီလိုမီတာ( ၉.၉၇ မိုင်)
ဆီ ၁ ဂါလံကို ၇၂.၉၅ ကီလိုမီတာ ( ၄၅. ၃ မိုင်)
* အထက်ပါရလဒ်သည် မောင်းနှင်မူပုံစံ၊ ရပ်နားမှုကြာချိန် ၊ တင်အား၊ Traffic နှင့် Road Temperature ပေါ်မူတည်၍ အနည်းcယ်ကွဲလွဲနိုင်ပါသည်။
* မြို့တွင်းအနေဖြင်လည်း မောင်းသူအပေါ်မူတည်၍ ၁ လီတာကို ခန့်မှန်း ၈-၁၂ ကီလိုမီတာခန့်ရနိုင်ပါသည်။