OUTLINE
MG ZS

STYLISH SPORTY MID-SUV

MG ZS သည် အဆင့်မြင့်နည်းပညာများကို အသုံးပြုကာထုတ်လုပ်ထားသည့် ပြိုင်ကားကဲ့သို့စတိုင်ကျလှပသော Mid-SUV ဖြစ်သည်။ MG ZS ၏ဒီဇိုင်းထုတ်လုပ်မှုသည် Global NCAP အဆင့်ကိုအခြေခံထားသောကြောင့် ငယ်ရွယ်ခြင်း၊ သွက်လက်ခြင်းနှင့် တက်ကြွဖြတ်လက်ခြင်းတို့ကို ပုံဖော်ပေးနိုင်ပါသည်။ CNCAP ၏ Crash စမ်းသပ်စစ်ဆေးမှုဖြစ်သော 60 km/h အရှိန်နှုန်းကိုကျော်လွန်ကာ 72 km/h နှင့် ကျော်ဖြတ်အောင်မြင်ခဲ့သော ကားမော်ဒယ်ဖြစ်သဖြင့် လိုက်ပါစီးနင်းသူများအားလုံး၏ လုံခြုံရေးအတွက် အာမခံချက်အပြည့်အဝ ပေးနိုင်ပါသည်။ လူငယ်ဆန်ပြီးတက်ကြွဖြတ်လက်သောသူ ဖြစ်မည်ဆိုလျှင် အကောင်းဆုံးသောရွေးချယ်မှုဖြစ်စေပါလိမ့်မည်။ ဤထူးခြားကောင်းမွန်သော MG ZS ကားအကြောင်းကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Configurator

EXTERIOR STRUCTURE

FASCINATING STRUCTURE

MG ZS ၏ Classic ဆန်ဆန် အဌဂံပုံစံအနားသပ်ထားသော ကားဘီးဒီဇိုင်း၊ အင်္ဂလန်နိုင်ငံ၏ Iconic သင်္ကေတဖြစ်သော London Eye နှင့်တူသော LED ရှေ့ဘက်မီးလုံးများက ပြိုင်ကား၏အသွင်နှင့်တူသော ဇိမ်ခံကားတစ်စီး၏ အငွေ့အသက်များကိုပေးစွမ်းနိုင်သည်။

INTERIOR CABIN

ACTIVE & SPORTY MOOD

MG ZS ၏ ၆၅ ရာခိုင်နှုန်းထိ သိပ်သည်းဆရှိသော သံမဏိကိုယ်ထည်သည် မတော်တဆမှုတစ်ခုခုဖြစ်ပွားခဲ့လျှင်ပင် ဘေးကင်းလုံခြုံစေနိုင်ပါသည်။ ကားအတွင်းခန်း၏ ၈၀ ရာခိုင်နှုန်းကို ဇိမ်ခံကားကဲ့သို့ Soft Material များနှင့် ဇိမ်ကျ၍သက်တောင့်သက်သာရှိသော သားရေထိုင်ခုံများဖြင့် အလှဆင်ထားသည်။

SAFETY

TESTED, TRUSTED SAFETY

MG ZS သည် အရည်အသွေးမြင့်မားသော စံချိန်စံညွှန်းများဖြင့် ယာဉ်တိုက်မှုစမ်းသပ်မှု 400 ကျော်နှင့် ကားစမ်းသပ်မှု 50 ကျော်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ESP 3 မုဒ်ပြောင်းခြင်းသည်လည်း စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ရန် ကူညီပေးပါမည်။ ဤမော်ဒယ်ကို EURO NCAP Standard 5 Stars ဖြင့် ချီးမြှင့်ထားသောကြောင့် သင်သည် MG ZS ၏ ဘေးကင်းမှုကို အမှန်တကယ် ယုံကြည်စိတ်ချနိုင်ပါသည်။