History

ကမ္ဘာကျော်အင်္ဂလန်အမှတ်တံဆိပ်ဖြစ်သည့် MG (Morris Garages) သည် ၎င်း၏ Sporty Design ပုံစံ ၊ နည်းပညာ မြင့်မားမှုနှင့် ဘေးကင်းလုံခြုံမှု စသည့် အကောင်းဆုံးသောအရာများပေါင်းစပ်ထားပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကြောင့် နာမည်ကျော် မော်တော်ကားအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ MG သည် ၁၉၂၄ ခုနှစ်ကပင် စတင်၍ အကောင်းဆုံးသောသမိုင်းကြောင်းများကို ဖန်တီးခဲ့ပြီး ယခုထက်တိုင် ပိုမိုကောင်းမွန်သော သမိုင်းစာမျက်နှာများကို ရေးသားနေဆဲဖြစ်သည်။

၁၉၂၄ ခုနှစ် မှစ၍ ကျော်ကြားအောင်မြင်သော ဂုဏ်သိက္ခာဖြင့် ရပ်တည်လာခဲ့သည့် MG ၏ အထင်ကရ သမိုင်းကြောင်းများ

၁၉၂၄ - Morris Garages ၏ အစ 

MG ၏ ဖခင်ကြီး Cecil Kimber သည် ၁၉၂၁ ၊ ၁၉၂၂ ခုနှစ်များတွင် Morris Cars ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်ခဲ့ပြီး အထွေထွေမန်နေဂျာ ဖြစ်လာခဲ့သည်။ ထို့နောက် သူ၏ ကိုယ်ပိုင်စိတ်ကူးပုံစံဖြင့် Morris Car များကို စတင်ထုတ်လုပ်လာခဲ့ပြီး အဆိုပါကားများကို Morris Garages ဟု အမည်ပေးခဲ့သည်။



၁၉၂၉ - Abingdon သို့ ရွှေ့ပြောင်းခြင်း 

MG နာမည်ကျော် ထင်ရှားလာပြီးနောက် Abingdon မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အဆိုပါ မြို့လေးသည် နောင်နှစ်ပေါင်း ၅၀ ကျော်ကြာအထိ MG ကားများ၏ အဓိက ထုတ်လုပ်ရာ နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။



၁၉၃၀ - MG Car Club ကိုတည်ထောင်ခြင်း

၁၉၃၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် MG Car Club စတင်မွေးဖွားလာခဲ့သည်။ Roebuck Hotel တွင် ပြုလုပ်ခဲ့သည့် Club Member များပွဲသို့ အသင်းဝင် ၃၀ ခန့် တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် အသင်းဝင် ဦးရေ တစ်ဖြည်းဖြည်း များပြားလာခဲ့ရာ ၁၉၃၃ ခုနှစ်မတိုင်မီ အသင်းဝင် ၅၀၀ အထိ ဖြစ်လာခဲ့သည်။



၁၉၃၁ - Magic Midget

MG EX120 သည် တစ်နာရီမိုင်နှုန်း ၁၀၀ ကိုကျော်လွန်ပြီး ၁၀၃.၁၂ အထိ မောင်းနှင်နိုင်သည့် ပထမဆုံးသော ၇၅၀ cc ကားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။



၁၉၃၃- စံချိန်တင်ခဲ့သော MG

MG K3 Magnette သည် ကမ္ဘာ့အခက်အခဲဆုံး ကားပြိုင်ပွဲတစ်ခုဖြစ်သည့် Mille Miglia တွင် Captain George Aston နှင့် Johnny Lulani တို့မောင်းနှင်ခဲ့ပြီး ၁၁၀၀ cc အတန်းအစားကားများကို အနိုင်ရခဲ့သည့် အီတလီတံဆိပ်မဟုတ်သည့် ပထမဆုံးသောကား ဖြစ်ခဲ့ သည်။



၁၉၄၅ - MG ၏ အရေးပါဆုံးသော ကားဈေးကွက်

ဒုတိယကမ္ဘာစစ်အတွင်း ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားများက MG T Type Sports ကားများကို အမှတ်မထင် တွေ့ရှိအသုံးပြုခဲ့ရာမှ ၎င်းတို့၏ ဇာတိ အမေရိကသို့ ယူဆောင်ခဲ့ကြသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ကြီးမားသည့် ဈေးကွက်ဝယ်လိုအားကြောင့် အမေရိကသည် MG ၏ အရေးပါဆုံးသော ပို့ကုန်ဈေးကွက် ဖြစ်လာခဲ့သည်။



၁၉၅၀- Silverstone

ယနေ့ခေတ်တွင် MG Live ဟု သိကြသည့် ပထမဆုံးသော နိုင်ငံတကာ Silverstone ကားပြိုင်ပွဲ ( Silverstone International Race Meeting ) ကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို ထိုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သည်။


 



၁၉၅၂- ဗြိတိန်မော်တော်ကား ကော်ပိုရေးရှင်း

ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗြိတိန်ကားလုပ်ငန်းကို ပြန်လည် ပုံစံချမှတ် တည်ဆောက်ရန် လိုအပ်ကြောင်း သိရှိလာကြသည့်အတွက် MG အနေဖြင့် ၎င်း၏ မိတ်ဖက်များဖြစ်သည့် Morris ၊ Riley တို့အပြင် ပြိုင်ဖက်များဖြစ်သည့် Austin ၊ Wolseley စသည့် ကားလုပ်ငန်းများကို စုစည်းပြီး ကုမ္ပဏီတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။



၁၉၅၅ - MGA

၁၉၅၅ ခုနှစ်တွင် MG ဆဋ္ဌဂံပုံ အမှတ်တံဆိပ်ကို အသုံးပြုထားသည့် စွဲမက်ဖွယ်အကောင်းဆုံးသော ကားတစ်စီးဖြစ်သည့် MGA ပေါ်ထွက်လာခဲ့သည်။ ဤမော်ဒယ်သည် မူလက ၁၅၀၀ cc စွမ်းအား ရှိခဲ့ရာမှာ ၁၉၅၉ ခုနှစ်တွင် ၁၆၀၀ cc အထိ တိုးမြှင့်ခဲ့သည်။ ၎င်းအပြင် ၁၀၆ bhp ထုတ်လုပ်နိုင်သည့် Twin-cam မော်ဒယ်တစ်မျိုးကိုလည်း ထုတ်လုပ်ခဲ့သည်။ MGA ကားပေါင်း ၁၀၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ရာ UK မှ တင်ပို့ခဲ့သည့် ကားအစီးရေ ၉၆,၀၀၀ နီးပါး ရှိခဲ့သည်။



၁၉၅၇ - စံချိန်ချိုးနိုင်ခြင်

MGA ၏ တည်ဆောက်ပုံကိုအခြေခံ၍ပြုလုပ်ထားသော EX181 သည် Bonneville Salts flats သို့ပို့ဆောင်ပြီးနောက် MG သည် ကမ္ဘာစံချိန်ကိုထပ်မံချိုးနိုင်ခဲ့သော ရလဒ်ကိုရရှိခဲ့သည်။ သမိုင်းဝင်ကားမောင်းနှင်သူ Sir Stirling Moss သည် ၁၄၉၈ cc ရှိပြီး ၂၉၀ bhp ထုတ်လွှတ်သောအင်ဂျင်ကို ၂၄၅.၆၄ mph အထိ အရှိန်နှုန်းမြင့်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။



၁၉၅၉ - MGA ကို ဈေးကွက်စတင်ခြင်း

MG အနေဖြင့် နောက်ထပ်ခြေလှမ်းတစ်ဆင့် တက်လှမ်းရန် ဆုံးဖြတ်ခဲ့ပြီး နာမည်ကြီး MGA 1500 ၏ နောက်ဆုံးပုံစံဖြစ်သည့် MGA ကို ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။ ၁၅၈၈ cc စွမ်းအားရှိ အင်ဂျင် တပ်ဆင်ထားပြီး အဆိုပါ အင်ဂျင်၏ စွမ်းအားသည်လူများကို မြင့်မားသောအရှိန်နှင့် ကောင်းမွန်သောမောင်းနှင်မှုကို ခံစားရနိုင်သည့် ကားတစ်စီးဖြစ်ခဲ့သည်။



၁၉၆၂ - MGB

MG ၏ ရောင်းအားအကောင်းဆုံး ကားအမျိုးအစား တစ်မျိုးဖြစ်သည့် MGB roadster ကို ၁၉၆၂ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့သည်။ အဆိုပါ ကားအမျိုးအစားသည် ပထမဆုံးသော ခေတ်ပေါ် MG ကားအမျိုးအစားတစ်ခု ဖြစ်ပြီး MGA နှင့် တစ်ခြားကားများကဲ့သို့ အောက်ခံထည် သီးခြားတည်ဆောက်ထားခြင်းမဟုတ်ဘဲ Frame နှင့် Body ကို တစ်စပ်တည်းဖြစ်သည့် Monocoque တည်ဆောက်မှုပုံစံကို အသုံးပြုထားသည့် The Marque ၏ ပထမဆုံးသော ကားဖြစ်သည်။ MGB ကားအများစုကို အမေရိကသို့ အဓိက တင်ပို့ပြီး ၁၉၈၀ ခုနှစ်အထိ ဆက်လက်ထုတ်လုပ်ခဲ့သည်။


 



၁၉၆၅ - MG BGT

၁၉၆၅ ခုနှစ်တွင် အထင်ကရ အီတလီ ဒီဇိုင်းကုမ္ပဏီ Pininfarina ၏ ကားအမိုးအပြင်အဆင်နှင့် Hatchback ကားတစ်စီး၏ အသွင်အပြင်များရှိသည့် B sport ကားပုံစံကို ပေါင်းစပ်၍ BGT မော်ဒယ်ကို တီထွင်ခဲ့ပြီး နာမည်ကြီး Grand Tour အစီအစဉ်ကို ဖန်တီးနိုင်ခဲ့သည်။


 



၁၉၆၇ - MGC & MGC GT

MGB သည် အကြီးအကျယ်အောင်မြင်ခဲ့ပြီးနောက်တွင် MG သည် ကားအမျိုးအစားအမျိုးအမျိုး ချဲ့ထွင်ဖန်တီးမည့် စိတ်ကူးရလာခဲ့ပြီး MGC ကားကို တီထွင်ခဲ့သည်။ အဆိုပါ မော်ဒယ်ကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ ဝေလမင်းသား Charles သည် အကျော်ကြားဆုံး MGC ကားပိုင်ရှင် တစ်ဦးဖြစ်ခဲ့သည်။



၁၉၆၈ - British Leyland

Leyland Motors သည် BMC နှင့် ပူးပေါင်းပြီးနောက် British Leyland ပေါ်ပေါက်လာခဲ့သည်။ British Leyland အောက်တွင် MG သည် Jaguar, Rover, Triumph ကုမ္ပဏီများနှင့် တွဲဖက် လုပ်ကိုင်ခဲ့သည်။



၁၉၇၃ - MG BGT V8

MG အနေဖြင့် British Leyland ၏ လုပ်ငန်းတစ်ခု ဖြစ်လာပြီးနောက်တွင် အင်ဂျင်အမျိုးအစားစုံ ရရှိလာခဲ့ရာ ၃.၅ လီတာ Rover V8 အင်ဂျင်ကို အသုံးပြုနိုင်ခဲ့သည်။ ၁၉၇၀ အစောပိုင်းနှစ်များတွင် Turner Ken Costello က ပုံမှန် MGB နှင့် BT တို့ကို V8 စွမ်းအားသို့ စတင်ပြောင်းလဲခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် နာမည်ကျော် စက်ရုံထုတ်ကားများ ဈေးကွက်ကိုစတင်နိုင်ခဲ့သည်။



၁၉၈၀ - Abingdon ၏တံခါးပိတ်ဝါဒ

Abingdon ၏တံခါးပိတ်ဝါဒသည် MG ခေတ်ကုန်ခြင်း ဖြစ်မည်ဟု လူတိုင်းက ယူဆခဲ့သော်လည်း သစ္စာစောင့်သိပြီး အလုပ်ကို စွဲမြဲစွာကြိုးစားသည့် ဝန်ထမ်းများကြောင့် MG အပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ပေ။



၁၉၈၂- MG ပြန်လည်စတင်ခြင်း

MG marque သည် ဈေးကွက်အတွင်း မပျောက်ကွယ်နိုင်လောက်အောင်ပင် ကျော်ကြားခဲ့ရာ ၁၉၈၂ ခုနှစ် မေလတွင် MG Metro 1300 ကို ဈေးကွက် စတင်နိုင်ခဲ့သည်။ အဆိုပါကားသည် ကျော်ကြားသည့် ပထမဆုံးသော hatch ကားဖြစ်ခဲ့ပြီး တစ်နှစ်ကြာပြီးနောက်တွင် ပို၍ မြန်သည့် ပုံစံကွဲတစ်မျိုးဖြစ်သည့် MG Metro Turbo ကို ထုတ်လုပ်ခဲ့ရာ ကြီးမားသည့် အောင်မြင်မှုကို ရရှိနိုင်ခဲ့သည်။



၁၉၈၅ - Group B နှင့် လက်တွဲခြင်း

ပြိုင်ကားများ၊ အထူးစွမ်းဆောင်ရည်များနှင့် ကျော်ကြားသည့်ကားမောင်းသမားများကြောင့် Audi နှင့် Peugeot ကဲ့သို့သော ကားထုတ်လုပ်သည့် လုပ်ငန်းများမှာ လူသိများလာခဲ့သည်။ ထိုကာလတွင် MG ၏ ပိုင်ရှင်ဖြစ်သည့် Austin Rover သည့် လူအများ၏ စိုက်မှုကိုပြန်လည်ရရှိရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် 3.0, V6 အင်ဂျင်ရှိပြီး ၄၁၀ php ကို ထုတ်လုပ်နိုင်သည့် MG Metro 6R4 ကို မိတ်ဆက်ခဲ့သည်။



၁၉၉၀ - MG Car Club ထပ်မံဖွင့်လှစ်ခြင်း

၁၉၉၀ ခုနှစ်တွင် MG ကား ကလပ်ကို ၎င်း၏ ရုံးချုပ်တွင်ဖွင့်လှစ်ခဲ့ပြီး MG တည်ထောင်သူ Cecil Kimber ကို ဂုဏ်ပြုသောအားဖြင့် သူ၏ အမည်ကိုအစွဲပြုကာ Kimber House ဟုခေါ်တွင်ခဲ့သည်။ Kimber House သည် မူလ စက်ရုံအလုပ်များ၏ ကျောထောက်နောက်ခံအဖြစ် အမြဲရှိနေပြီး နောက်ထပ်ထုတ်လုပ်မှုများ ဆက်လက်လုပ်ဆောင်ရန် MG ကို တွန်းအားပေးခဲ့သည်။



၁၉၉၂ - Legend အသစ်တဖန် မွေးဖွားခြင်း

၁၉၈၀ ခုနှစ်များတွင် MGB နှင့် ရိုးရှင်းသည့် ကားများလူကြိုက်များလာသည့်အတွက် sport car များအတွက် ဝယ်လိုအားများ တစ်ဖန် လျော့ကျလာခဲ့သည်။ ၎င်းအချိန်တွင် MG အနေဖြင့် Rover Group ၏ အုပ်စုဝင် ဖြစ်နေပြီဖြစ်သည်။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများကို Rover ကား များအတွက်သာ အသုံးပြုသည့်အထိ လျှော့ချခဲ့သည်။



၁၉၉၅- MGF

MGF သည် ၁၉၆၂ ခုနှစ်မှစ၍ ပထမဆုံးသော အသစ်ဖန်တီးထားသော MG sport ကားတစ်စီး ဖြစ်ပြီး စတင် ဈေးကွက်မသွင်းခင်အချိန်တွင်ပင် လူအများ၏ စိတ်ဝင်စားမှုများကို ရရှိခဲ့သည်။ MGF သည် Mid-engine တစ်လုံးနှင့် ဂက်စ်ထိန်းစနစ် ပါဝင်သည့် ဆန်းသစ်သည့် မော်တော်ကားတစ်စီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ရောင်းအားအကောင်းဆုံး ကားတစ်စီး အဖြစ် လျင်မြန်စွာရောက်ရှိလာခဲ့သည်။ ဤအချိန်တွင် Rover Group ကို BMW က ဝယ်ယူထားပြီး ၎င်းတို့အနေဖြင့် MG ကို၎င်းတို့၏ Z Sport ကားများနှင့် မယှဉ်ပြိုင် စေလိုခဲ့‌‌ပေ။ ထို့ကြောင့် MGF ကို အမေရိကတွင်ထုတ်လုပ်ခဲ့ခြင်း မရှိခဲ့ပါ။



၂၀၀၁- နယ်ပယ်သစ်

၂၀၀၁ ခုနှစ်တွင် BMW သည် ၎င်း၏ အမြတ်ဝေစုများကို Rover Group သို့ရောင်းချခဲ့ပြီး ကုမ္ပဏီအသစ်တစ်ခုဖြစ်သည့် MG Rover Group ကို တည်ထောင်ခဲ့သည်။ ဤကုမ္ပဏီသစ် အနေဖြင့် လုပ်ငန်းများကို လျင်မြန်စွာ စတင်ခဲ့ရာ Rover saloon နှင့် Hatchback ကားများကို အခြေခံ၍ Triplex ကားများကို စတင်ခဲ့ရာ MG ZR, ZS, ZT နှင့် ZT-T ကားများပေါ်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် MGF ကို အကြီးစား ပြင်ဆင်မွမ်းမံခဲ့ပြီး MG TF အဖြစ်ထုတ်လုပ်လာခဲ့သည်။



၂၀၀၃ - MG SV

The MG Xpower SV ကို ၂၀၀၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ၎င်း၏ စွဲမက်ဖွယ်ပုံစံ၊ ကာဗွန်ဖိုက်ဘာ ကိုယ်ထည်၊ Mustang-source ၄.၆ လီတာ V8 တို့ကြောင့် SV မှာ စွဲမက်ဖွယ် ကားတစ်စီးဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် MG Rover ကားထုတ်လုပ်မှု မရပ်ဆိုင်းမီ SV ကားအစီး ၁၀၀ ကို တပ်ဆင်ပြီးစီးနိုင်ခဲ့သည်။



၂၀၀၇ - အခွင့်အရေးတစ်ခု

၂၀၀၅ ခုနှစ်တွင် MG Rover ထုတ်လုပ်မှု ရပ်ဆိုင်းသွားခြင်းကြောင့် မကြာမီတွင် MG marque အဆုံးသတ်တော့မည်ဟု အများက ထင်မြင်ခဲ့ကြသည်။ MG အနေဖြင့် နှစ်များစွာ တိတ်ဆိတ်နေခဲ့ပြီးနောက် တရုတ်ဈေးကွက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့သည်။ နန်းဂျင်း မော်တော်ကား ကော်ပိုရေးရှင်း (NAC) သည် MG TF, MG ZR နှင့် MG ZT ထုတ်လုပ်ခွင့်များကို ဝယ်ယူခဲ့သည်။



၂၀၁၀ - MG 6

MG သည် ပိုင်ရှင်ပြောင်းလဲပြီးနောက်ပိုင်း ၂၀၁၀ ခုနှစ်တွင် ပြန်လည် စတင်လာခဲ့သည်။ UK တွင် ဒီဇိုင်းရေးဆွဲ တပ်ဆင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် MG6 GT (Fastback) နှင့် MG Magnette (Saloon) တို့ကို ထုတ်လုပ်ခဲ့သည်။ ဗြိတိန်သို့ ၂၀၁၁ ခုနှစ် ဧပြီလတွင် GT ရောက်ရှိလာခြင်းနှင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် Magnette ရောက်ရှိလာခြင်းတို့ မတိုင်မီ MG6 ကို ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံတွင် စတင်ရောင်းချခဲ့သည်။



၂၀၁၂ - British Touring Car Championship ပြန်လည်ရောက်ရှိလာခြင်း

၂၀၁၂ ခုနှစ်တွင် MG သည် ဗြိတိန် မော်တော်ကား ပရီးမီးယာလိဂ် ချန်ပီယံရှစ် ပြိုင်ပွဲဖြစ်သည့် The British Touring Car Championship ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Jason Plato သည် တတိယနေရာကို ဆွတ်ခူးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်လည်း တတိယနေရာကို ထပ်မံရရှိခဲ့သည်။ နောက်ဆုံးတွင် MG သည် ၂၀၁၄ ခုနှစ်တွင် Honda ကို အနိုင်ရရှိခဲ့ပြီး အမြင့်ဆုံးအမှတ် ၉၅၀ ဖြင့် ၂၀၁၄ ခုနှစ် အတွက် ကားထုတ်လုပ်မှုချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့သည်။



၂၀၁၂ - ပျော်ရွှင်မှုများ ပြန်လည်ရရှိလာခြင်း

၂၀၁၃ ခုနှစ်တွင် MG3 ကို UK ဈေးကွက်တွင် စတင်ရောင်းချခဲ့ချိန်တွင် Fun is Back ဟူသည့် ဆောင်ပုဒ်ကို MG Motor က အသုံးပြုခဲ့သည်။ အဆိုပါ စူပါမီနီကားသည် နှစ်ပေါင်း ၅၀ နီးပါးရှိ ဗြိတိန်နိုင်ငံ၏ အငွေ့အသက်များကို ကိုယ်စားပြုသည့် Longbridge ကဲ့သို့ ဒီဇိုင်းဆွဲတည်ဆောက်ထားခြင်း ဖြစ်သည်။ စိတ်ကြိုက်ရွေးချယ်စရာအမျိုးအစားစုံ ရရှိနိုင်သည့် MG3 သည် UK တွင် MG ၏ ရောင်းအားအကောင်းဆုံး အမျိုးအစားတစ်ခုဖြစ်ခဲ့သည်။



၂၀၁၅ - MG GS

လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ အတွင်း MG သည် SUV ကား တစ်စီးကို ပထမဆုံးအနေဖြင့် ထုတ်လုပ်ခဲ့သည်။ MG GS ကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ဈေးကွက်စတင်ခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာရှ ဈေးကွက်တွင် အဓိက ရောင်းချခဲ့သည်။ အဆိုပါကားသည် ပြိုင်ကားအသွင်ကိုနှင့် နောက်ဆုံးထုတ်လုပ်ခဲ့သည့် SUV ကားတစ်စီးဖြစ်သည်။



၂၀၁၇ - MG 360

MG 360 သည် ၎င်းအတန်းအစား ကားများထဲတွင် အတွင်းခန်းအကျယ်ဆုံး ကားအမျိုးအစားဖြစ်သည်။ ဝင်ရိုးကြားအကွာအဝေး အထူး ရှည်လျားသည့်အတွက် စီးနှင်းလိုက်ပါသူများအနေဖြင့် နေရာ ကျယ်ကျယ်ရနိုင်သကဲ့သို့ ပို၍ သက်သောင့်သက်သာဖြစ်ပြီး သက်ဝင်မြူးကြွသည့် အတွေ့အကြုံကို ခံစားရစေနိုင်ပါသည်။



၂၀၁၇ - MG ZS

Mid SUV အမျိုးအစားတစ်မျိုးဖြစ်သည့် စွဲမက်စရာ MG ZS သည် ပို၍ဖက်ရှင်ကျသည့် နှစ်လိုဖွယ် ဒီဇိုင်းပုံစံရှိသည်။ ကျယ်ဝန်းပြီး ထူးခြားသည့် သွင်ပြင်ရှိသည့်ကားတစ်စီး ဖြစ်သည်။



၂၀၁၈ - New MG 6

၁.၅ လီတာ တာဗိုအင်ဂျင် တပ်ဆင်ထားသည့် MG 6 အသစ်ကို စွမ်းဆောင်ရည်မြင့်မားစွာ တီထွင်ထုတ်လုပ်ခဲ့သည်။ MG 6 အနေဖြင့် သတ်မှတ်ထားသည့် ဦးတည်ချက် ပန်းတိုင်များကို ပြည့်မီယုံမက သာလွန်လျက်ပင် ရှိသည်။



၂၀၁၈ - MG RX5

Sporty နှင့် လက်တွေ့ကျသည့် ဒီဇီုင်းပုံစံကို ထူးထူးခြားခြား ပေါင်းစပ်ဖန်တီးထားသည့် MG RX5 သည် အကြမ်းခံပြီး စွမ်းရည်ပြည့်သည့် SUV ကားတစ်စီးဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာများကို ထည့်သွင်းတည်ဆောက်ထားသည်။ Intelligent ဖြစ်ပြီးကားအတွင်းပိုင်း ကျယ်ဝန်းကာ သက်သောင့်သက်သာနှင့် ဇိမ်ကျသည့် ကားအမျိုးအစား ဖြစ်သည်။



၂၀၁၉ - MG HS

ဤ မော်ဒယ်သည် ဖက်ရှင်ကျ၍ စွမ်းရည်ပြည့်သည့် SUV တစ်မျိုးဖြစ်ပြီး X-motion နှင့် ပတ်သက်သည့် MG ၏အကောင်းဆုံး အယူအဆများကို ထည့်သွင်းထားပြီး ပြိုင်ကားတစ်စီး၏ သဘောသဘာဝနှင့်အညီ တပ်ဆင်ထားသည်။ မောင်းနှင်မှုအတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ လိုသလိုပြောင်းလဲနိုင်သည့် အကောင်းဆုံးသော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းထားသည်။



၂၀၁၉- MG 5

စွဲမက်ဖွယ် ဒီဇိုင်းအသွင်အပြင်၊ အထင်ကြီးလောက်သည့် စွမ်းဆောင်ရည်နှင့် မြူးကြွသည့် အသွင်အပြင်ရှိသည့် MG 5 သည် ကမ္ဘာပေါ်တွင် စိတ်လှုပ်ရှားဖွယ် sedan ကားတစ်စီးဖြစ်သည်။ ဤ မော်ဒယ်သည် သင့်အတွက်ရော သင့်ခရီးသည်များအတွက်ပါ ထိုက်တန်သည့်နှစ်သက်စရာ အတွေ့အကြုံကိုပေးစွမ်းနိုင်မည် ဖြစ်သည်။


 



၂၀၁၉- MG RX8

ပေါ်လွင်ပြီး ကျယ်ဝန်းသည့် Seven-seat SUV ကားအမျိုးအစားဖြစ်သော MG RX8 သည် ဖက်ရှင်ကျသည့် ဒီဇိုင်း၊ အကြမ်းခံနိုင်စွမ်း၊ အကောင်းဆုံးသော မော်တော်ကား နည်းပညာများနှင့် သက်သောင့်သက်သာနှင့် ဇိမ်ရှိသည့် ကားတစ်စီးဖြစ်သည်။


 



၂၀၂၀- MG ZS EV

မိသားစုသုံး လျှပ်စစ်ကားဖြစ်သည့် MG ZS EV အသစ်သည် လက်တွေ့အသုံးဝင်မှုနှင့် ဖက်ရှင်ပိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပြီး ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ချလိုသည့် သုံးစွဲသူများအတွက် ပတ်ဝန်းကျင်မထိခိုက်စေရေးကို အဓိကထားပြီးထုတ်လုပ်ထားသည့် မော်တော်ကား အမျိုးအစားဖြစ်သည်။


 



၂၀၂၀- MG ZST

MG ZST မော်တော်ကား အမှတ်တံဆိပ်အသစ်သည် လူအများ၏ စိတ်ဝင်စားမှုကို သိမ်းကျုံးဆွဲငင်နိုင်ပြီး ထင်ရှားပေါ်လွင်သည့် အသွင်သဏ္ဍာန်၊ ထူးကဲသည့် လေခွင်းအားနှင့် ခေတ်မီအသုံးအဆောင် ဒီဇိုင်းများကြောင့် အသုံးပြုသူများ၏ ရင်တွင် စွဲထင်နေမည့် အမှတ်တံဆိပ် တစ်ခုပင်ဖြစ်သည်။ ကား၏ စွဲမက်ဖွယ်ရာ ဒီဇိုင်းကြောင့် သတိမထားပဲ မနေနိုင်အောင် ဖြစ်စေပြီး အသုံးပြုထားသည့် ခေတ်မီနည်းပညာများကြောင့် စိတ်ကျေနပ်ပျော်ရွင်စွာ မောင်းနှင်အသုံးပြုနိုင်မည် ဖြစ်ပါသည်။



၂၀၂၁ - Black Edition MG RX8

ဤ MG ကားမော်ဒယ်သည် သက်တောင့်သက်သာစီးနင်းနိုင်ခြင်း၊ ကြံ့ခိုင်သောစွမ်းရည်နှင့် အသွင်အပြင်များကို ပေါင်းစပ်ဖွဲ့စည်းထားသော ၇ယောက်စီး SUV အမျိုးအစားဖြစ်သည်။ အဆင့်မြင့်နည်းပညာများနှင့် ထူးခြားဆန်းသစ်သော Sporty ဒီဇိုင်းနှင့် အနက်ရောင် RX8 သည် သင့်အားကမ္ဘာသစ်တစ်ခုကို ရောက်သွားသကဲ့သို့ ခံစားရစေလိမ့်မည်။



၂၀၂၁ - MG GT

MG GT သည် ၁၉၆၂ ခုနစ်တွင်ထုတ်လုပ်ခဲ့သော MGB GT ကိုပြန်လည်မှီငြမ်းပြီး ခေတ်အမြင်နှင့်ပြန်လည်ဆန်းသစ်ထားသော Fast back sedan အမျိုးအစားဖြစ်သည်။ တိုက်လေယာဉ်ကဲ့သို့ လှပဆန်းသစ်သော အသွင်အပြင်ရှိသည်။